Skip to main content

မြိတ်တက္ကသိုလ်တွင် အလုပ်ထွက်ချင်သည့် ကျောင်းဆရာ၊ ဆရာမများကို ပါမောက္ခချုပ်က လျော်ကြေးငွေ ၁ဝ သိန်းတောင်းသည်ဆိုတဲ့ သတင်းအမှားများအား မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ

နေပြည်တော် နိုဝင်ဘာ ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ရှိ မြိတ်တက္ကသိုလ်တွင် အလုပ်ထွက်ချင်သည့် ဆရာ၊ ဆရာမများကို မြိတ်တက္ကသိုလ် ပါမောက္ခချုပ်က လျော်ကြေးငွေ ကျပ် ၁၀ သိန်းအထိ တောင်းခံနေကြောင်းနှင့် ကျောင်းမတက်သည့် ဆရာ၊ ဆရာမများကို နေ့စဉ်ဖိအားပေးကာ ကျောင်းတက်ခိုင်းနေကြောင်း၊ တက္ကသိုလ်ဝန်ထမ်းများထံမှ သိရကြောင်း Social Media များတွင် သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မြိတ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆက်သွယ်မေးမြန်းခဲ့ရာ “ဖော်ပြပါသတင်းမှန်ကန်မှုမရှိပါ။ မြိတ်တက္ကသိုလ်တွင် ဆရာ၊ ဆရာမများ ပုံမှန်အတိုင်း တာဝန်ထမ်းဆောင်လျက်ရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများမှာလည်း ပျော်ရွှင်စွာဖြင့် ကျောင်းတက်လျက်ရှိကြောင်း” ပြန်ကြားခဲ့ပါသည်။

သို့ဖြစ်ပါ၍ Social Media များတွင် ရေးသားဖြန့်ဝေနေမှုများသည် မှန်ကန်မှုမရှိသည့် ရေးသားဖြန့်ဝေနေမှုများသာဖြစ်ပြီး၊ လူပုဂ္ဂိုလ်တစ်ဦး၊ တစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအပေါ် ဂုဏ်သိက္ခာကျဆင်းစေရန်၊ အထင်အမြင်လွဲမှားလာစေရန်နှင့် နိုင်ငံတော်အစိုးရ၏ ပညာရေးအခန်းကဏ္ဍအား အလေးအနက်ထားဆောင်ရွက်နေမှုအပေါ် ပြည်ဖျက်မီဒီယာအချို့မှ ယခုကဲ့သို့ ရည်ရွယ်ချက်ရှိရှိ သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။