နေပြည်တော် နိုဝင်ဘာ ၂၃
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၀ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာအုပ်စု ဧရာဝတီမြစ်ကမ်းစပ်၌ တရားမဝင်ရွှေတူးဖော်ရာတွင် အသုံးပြုသည့် လေးလုံးထိုးအင်ဂျင်တပ်စက်လှေ လေးစင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး မြန်မာ့သတ္တုတွင်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၂၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မန္တလေးမြို့အဝင် မြစ်ငယ်တံတားအနီး၌ ယာဉ်နှစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထွက် ကြက်သွန်ဖြူ ၂၅ ကီလိုဂရမ်ပါ အိတ် ၁၁၀၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၅၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Shwe Chan Truck တစ်စီးနှင့် Mitsubishi Fuso Truck တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၀၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၂၂ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ကြီးမြို့ (၄)မိုင် ပူးပေါင်းစစ်ဆေး ရေးဂိတ်၌ တန့်ယန်း-မိုင်းရယ်-ကျေးသီး - လဲချား - လွိုင်လင်-တောင်ကြီး လမ်းကြောင်းအတိုင်း မောင်းနှင်လာသော ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထွက် ကြက်သွန်ဖြူ ၂၅ ကီလိုဂရမ်ပါ အိတ် ၁၁၀၀၊ အာလူးကီလိုဂရမ် ၅၀ ပါ အိတ် ၅၉၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၆၅၂၄၀၀၀၀)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် Dong Feng Tractor Head နှစ်စီးနှင့် နောက်တွဲယာဉ် နှစ်တွဲ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၄၀၀၀၀၀၀၀)စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၅၂၄၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ နိုဝင်ဘာ ၂၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကလေးမြို့မင်္ဂလာဥယျာဉ် ရပ်ကွက်၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ (ချက်ဆီ) ဂါလန် ၂၁၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၅၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၂၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၆/၇)နှင့် (၇/၀)အကြား၌ ယာဉ်တစ်စီးပေါ်မှ တရားမဝင် ကျွန်းသစ် သုည ဒသမ ၈၁၆ တန်၊ အခြားသစ် သုညဒသမ ၂၂၉ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၅၃၁၆၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Toyota Voxy တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၆၅၃၁၆၀ ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၂၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း၌ တရားမဝင် သစ်မာ ၂ ဒသမ ၃၅၉ တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၇၉၈၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ နိုဝင်ဘာ ၂၀ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် သိမ်းဆည်းရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၃ မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၄၆၃၂၂၉၆၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်
