Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ထိုင်ဝမ် (တရုတ်-တိုင်ပေ) White Jade Wang Enterprise Co.,Ltd ဥက္ကဋ္ဌ Mr. Wang Cheng အား လက်ခံတွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၂၃

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ထိုင်ဝမ် (တရုတ်-တိုင်ပေ) White Jade Wang Enterprise Co.,Ltd ဥက္ကဋ္ဌ (သုဓမ္မမဏိဇောတဓရ) Mr. Wang Cheng အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် သာသနာတော်ထွန်းကားပြန့်ပွားရေး၊ သာသနာပြုလုပ်ငန်းများဆောင်ရွက်ရေး၊ ပိဋကတ်သုံးပုံတွင် စာအုပ်ပေါင်း ၄၀၊ အဋ္ဌကထာ ၅၁ အုပ်၊ ဋီကာ ၂၆ အုပ် ကွန်ပျူတာစာစီ၍ ရိုက်နှိပ်ထုတ်ဝေရန် စီစဉ်နေမှုဆိုင်ရာကိစ္စရပ်များကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြပြီး ထိုင်ဝမ်(တရုတ်-တိုင်ပေ)White Jade Wang Enterprise Co.,Ltd ဥက္ကဋ္ဌ Mr. Wang Cheng က သာသနာတော်ထွန်းကားပြန့်ပွားရေး ဗုဒ္ဓစာပေများရိုက်နှိပ်ရန်နှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအတွက် အလှူငွေများပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးကလက်ခံ၍ ဂုဏ်ပြုလက်ဆောင်များ ပြန်လည်ပေးအပ်သည်။

အဆိုပါတွေ့ဆုံပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်