Skip to main content

တက္ကသိုလ်များ စတင်ဖွင့်လှစ်၊ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိ

နေပြည်တော် နိုဝင်ဘာ ၂၃

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် တက္ကသိုလ်ပါမောက္ခချုပ်များနှင့် ပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီးများအား ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက်ရောက်ကြသည်။

အခက်အခဲမရှိ အဆင်ပြေချောမွေ့စေရန်

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယနေ့သည်တက္ကသိုလ်၊ ဒီဂရီကောလိပ်များ အားလုံးစတင်ဖွင့်လှစ်သည့်နေ့ဖြစ်၍ ကျောင်းသား ကျောင်းသူများသည် သက်ဆိုင်ရာတက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ရောက်ရှိ ပညာသင်ယူနေကြပြီဖြစ်ကြောင်း၊ ကျောင်းစတင်ဖွင့်လှစ်သည့်နေ့မှစ၍ စာသင်ခန်းအသီးသီးတွင် သက်ဆိုင်ရာဘာသာရပ်အလိုက် ဆရာ၊ ဆရာမများက မိမိတို့၏သင်ကြားရေးတာဝန်များကို မပျက်မကွက် ကြိုးပမ်းထမ်းဆောင်ကြစေလိုကြောင်း၊ ကျောင်းအပ်လက်ခံရေးလုပ်ငန်းစဉ်များတွင်လည်း ကျောင်းသားများ အခက်အခဲမရှိ အဆင်ပြေချောမွေ့စေရန် ဘာသာရပ်ဆိုင်ရာပါမောက္ခများနှင့် သက်ဆိုင်ရာဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။

ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ သက်ဆိုင်ရာပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် ဝန်ထမ်းများကလိုအပ်သည်များကို ဝိုင်းဝန်းလက်တွဲ၍ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ဘာသာရပ်ဆိုင်ရာသင်ကြားသင်ယူမှုလုပ်ငန်းများ တိုးတက်ကောင်းမွန်ရေးအတွက် စဉ်ဆက်မပြတ် လေ့လာကြိုးပမ်းသွားကြရန်လိုကြောင်း၊ မိမိတို့တက္ကသိုလ်များ၏ ဥပဓိရုပ်ကောင်းမွန်ရေးနှင့် တက္ကသိုလ်ပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာလှပရေးကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ မိမိတို့တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးဆိုင်ရာစီမံခန့်ခွဲရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆောင်ရွက်ရမည့်လုပ်ငန်းများဆွေးနွေး

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်