Skip to main content

မော်လမြိုင်တက္ကသိုလ်ဝန်ထမ်းများ ကျောင်းပြင်ပ ပြောင်းရွှေ့နေထိုင်ခွင့် ပိတ်ပင်ခံရဟု Social Media များတွင် သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် နိုဝင်ဘာ ၂၃

ကယားပြည်နယ်ရှိ လွိုင်ကော်တက္ကသိုလ်အား အကြမ်းဖက်သောင်းကျန်းသူများက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းမိသားစုဝင်များအား ဖမ်းဆီးခေါ်ဆောင်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့မှုကြောင့် မော်လမြိုင်တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများသည်လည်း စိုးရိမ်စိတ်များဖြင့် နီးစပ်ရာဆွေမျိုးနေအိမ်များနှင့် ကျောင်းပြင်ပ ပြောင်းရွှေ့နေထိုင်ကြသူများ များပြားလာခြင်းကြောင့် မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်မှ နိုဝင်ဘာလ ၁၆ ရက်တွင် အရေးပေါ်အစည်းအဝေးပြုလုပ်၍ တက္ကသိုလ်ရှိ ဝန်ထမ်းများအနေဖြင့် ကျောင်းအတွင်း ပြန်လည်နေထိုင်ကြရန်နှင့် ကျောင်းပြင်ပ ပြောင်းရွှေ့နေထိုင်ခွင့်များ ပိတ်ပင်ခဲ့ကြောင်း Social Media များတွင် သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်၏ ပြောကြားချက်အရ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးမှာ ပုံမှန်အစည်းအဝေးသာဖြစ်ပြီး Social Media များတွင် ရေးသားဖြန့်ဝေနေမှုများသည် လုပ်ကြံသတင်းအမှားများသာဖြစ်ပြီး နိုင်ငံတော်အစိုးရ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေမှုများကို ထိခိုက်စေရန်နှင့် ပြည်သူများမှ အထင်အမြင်လွဲမှားစေရန်အတွက် အကြမ်းဖက်မှုကို အားပေးသည့် မီဒီယာအချို့မှ ယခုကဲ့သို့ ရည်ရွယ်ချက်ရှိရှိ သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။