Skip to main content

ရန်ကုန်မြို့မှ ပုဂ္ဂလိက‌ကျောင်းများတွင် နိုင်ငံတော်အစိုးရက ကျောင်းသားများ၏ ကိုယ်ရေးအချက်အလက်များနှင့် အတန်းလူစာရင်းများတောင်းခံနေမှုကြောင့် ကျောင်းသားမိဘများ စိုးရိမ်ပူပန်နေကြောင်း ကောလာဟလသတင်းများ လုပ်ကြံဖန်တီးထုတ်လွှင့်လျက်ရှိ

နေပြည်တော် နိုဝင်ဘာ ၂၃

နိုင်ငံတော်အစိုးရအနေဖြင့် CDM ကျောင်းသားများ စာရင်းကိုသိရှိလိုခြင်း၊ ကျောင်းသားများကို လူသားတံတိုင်းအဖြစ် ဆောင်ရွက်လိုခြင်းနှင့် CDM ကျောင်းသားများကို ကျောင်းပြန်တက်စေချင်လိုခြင်းများကြောင့် ပုဂ္ဂလိကကျောင်းများတွင် အတန်းလိုက်ကျောင်းသားဦးရေ အတိုးအလျော့စာရင်း၊ ကျောင်းသားများ၏အမည်စာရင်းနှင့် ကျောင်းများ၏ဘဏ္ဍာရေးဆိုင်ရာ ကောက်ခံစာရင်းများကိုပေးရမည်ဟု ထုတ်ပြန်ထားသည့်အတွက် ကျောင်းများတွင် ဖောင်ဖြည့်ပေးရန် အတင်းကောက်ခံနေခြင်းကြောင့် ကျောင်းသားမိဘများက စိုးရိမ်နေကြသည်ဟု ကောလာဟလသတင်းများ လုပ်ကြံဖန်တီးပြီး လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ထုတ်လွှင့်လျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ ကျောင်းသားများ၏ ကိုယ်ရေးအချက်အလက်များ တောင်းခံမှုမရှိကြောင်း သိရှိရသည်။

ပြည်ဖျက်မီဒီယာများအနေဖြင့် ထိုသို့သောပညာရေးနှင့်ပတ်သက်၍ ကောလာဟလသတင်းများ ထုတ်လွှင့်ဖြန့်ဝေခြင်းသည် နိုင်ငံတော်တွင်း အေးချမ်းစွာပညာသင်ကြားနေသည့် ကျောင်းသားများနှင့် မိဘများကိုစိုးရိမ်ပူပန်မှုဖြစ်စေရန်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးပမ်း ဆောင်ရွက်နေမှုများအပေါ် ကျောင်းသားမိဘများက အထင်အမြင်လွဲမှားလာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် သတင်းမှားများထုတ်လွှင့်၍ ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။