Skip to main content

ပြည်မြို့တက္ကသိုလ်တွင် တပ်မတော်က တပ်စွဲထားပြီး ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအားလုံး ကျောင်းမှထွက်ခွာရန် ပြောဆိုထားကြောင်းဟု လုပ်ကြံသတင်းတစ်ခုအား ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် နိုဝင်ဘာ ၂၃

ပဲခူးတိုင်းတိုင်းဒေသကြီး၊ ပြည်တက္ကသိုလ်တွင် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တပ်မတော်မှ ဝင်ရောက်တပ်စွဲခဲ့ပြီး ကျောင်းရှိ ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာများနှင့် ပညာရေးဝန်ထမ်းများအား ၂၆ ရက်နေ့အပြီး နောက်ဆုံးထားပြီး ကျောင်းဝန်းထဲမှ ပြောင်းရွှေ့ထွက်ခွာပေးရန် ပြောကြားခဲ့ကြောင်း၊ ဒါကြောင့် ဆရာ၊ ဆရာမ၊ ပညာရေးဝန်ထမ်းများ ရပ်ကွက်များအတွင်း အိမ်ငှားရှာနေရသည်ဆိုသည့်  လုပ်ကြံသတင်းအမှားအား လူမှုကွန်ရက်စာမျက်နှာတွင် လုပ်ကြံသတင်း ရေးသားဖြန့်ဝေမှုအား တွေ့ရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ဖြေကြားချက်အရ ပြည်တက္ကသိုလ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ထမ်းများအား ပြောင်းရွှေ့ထွက်ခွာစေခြင်းမရှိကြောင်းနှင့် သတင်းအမှားသာဖြစ်ကြောင်း သိရှိရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရကာလတွင် တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်ဖျက်မီဒီယာများမှ ယခုကဲ့သို့ ကောလာဟလသတင်းအမှားများကို ကျောင်းသားများနှင့် မိဘများအား စိုးရိမ်ပူပန်မှုဖြစ်စေရန်၊ နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းရေးထိခိုက်စေရန်နှင့် ပြည်သူများမှ အထင်အမြင်လွဲမှားလာစေရန် ရည်ရွယ်၍ သတင်းတု၊ သတင်းအမှားများကို လုပ်ကြံဖန်တီးရေးသားဖော်ပြခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။