Skip to main content

ရွှေသွေးဂျာနယ်ထွက်ရှိ

နေပြည်တော် နိုဝင်ဘာ ၂၂

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ်စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

၂၅- ၁၁ - ၂၀၂၃ ရက်(စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၅) အမှတ် (၄၇)တွင် တိရစ္ဆာန်ပင်ဖြစ်လင့်ကစား မိမိ၏သားသမီးများအပေါ် အန္တရာယ်မကျရောက်အောင် ကာကွယ်စောင့်ရှောက်ပေးလိုသည့် ကြက်မကြီးကို ဥပမာပြုကာ မိခင်မေတ္တာအကြောင်း ဖော်ညွှန်းထားသည့် “မိဘစိတ်” မျက်နှာဖုံးကာတွန်းဇာတ်လမ်း၊ မိမိထက် ဆင်းရဲနွမ်းပါးသူများအပေါ်တွင် ကိုယ်ချင်းစာစိတ်ဖြင့် ဆက်ဆံသင့်ကြောင်း မြို့စားမင်းက သူဌေးကြီး ဦးအဂ္ဂအား အသိပညာပေးလိုက်သည့်ပုံကို တင်ဆက်ထားသည့် “ကိုယ်ချင်းစာပါ” နှစ်မျက်နှာကာတွန်း၊ ရွှေသွေးဂျာနယ် အထူးထုတ် (၂၀၂၄) တွင် ထည့်သွင်း ဖော်ပြမည့် ကလေးလက်ရာ ပန်းချီပြိုင်ပွဲဝင်များကို ဖိတ်ခေါ်သည့် “ရွှေသွေးတို့လက်ရာပန်းချီများ ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ပြိုင်ပွဲ” ကဏ္ဍ၊ သူငယ်ချင်း အချင်းချင်း စာကူးပေးသင့်ကြောင်း ဖိုးလပြည့်က တူးမာကို ပြောပြထားသည့် “ဖိုးလပြည့်” တစ်မျက်နှာ ကာတွန်း၊ လေးဖြိုး၏ ဉာဏ်စမ်းမေးခွန်းများကိုဆက်စပ်ပြီး ဖြေထားသည့် လင်းသစ်တို့အကြောင်း တင်ဆက်ထားသည့်“လင်းသစ်ပါဝင်သည့် ဉာဏ်စမ်းမေးခွန်းများ” နှစ်မျက်နှာကာတွန်း၊ ရိုးသားပြီး စိတ်ထားဖြူစင်သော အငှားကားမောင်းသည့် ကိုအောအကြောင်း တင်ဆက်ထားသည့် “ဖြူစင် သောအလှ” နှစ်မျက်နှာကာတွန်း၊ လူသုံးယောက်ကို ထီးတစ်ချောင်းသာဆောင်းသည့်တိုင် မိုးမစိုသည့်အကြောင်း သူငယ်ချင်းနှစ်ယောက် ဟာသဖြစ်ဖွယ် ပြောကြပုံကို တင်ဆက်ထားသည့် “ကြယ်စင်” မျက်နှာဝက်ကာတွန်း၊­ တန်ဆောင်မုန်းလတွင် မသိုးသင်္ကန်း ကပ်လှူပွဲနှင့် ဘုံကထိန်သင်္ကန်းကပ်လှူပွဲများ ကျင်းပပုံ၊ ဆီမီးများထွန်းကြပုံနှင့် ရာသီပန်းများ ပွင့်ကြပုံအကြောင်းရေးဖွဲ့ထားသည့် “တန်ဆောင် တိုင်ပွဲတော်” ကဗျာကဏ္ဍ၊ သုတကဏ္ဍ၊ အင်္ဂလိပ်စာ သင်ခန်းစာကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍ၊ ဝတ္ထုကဏ္ဍနှင့် ပုံပြင်ကဏ္ဍအပါအဝင် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။

သတင်းစဉ်