ရန်ကုန် နိုဝင်ဘာ ၂၂
မြန်မာနိုင်ငံ စာရေးဆရာအသင်း က ၁၃၈၅ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ် (၃၆) ကြိမ်မြောက် သက်ကြီး စာပေပညာရှင် ၂၇၈ ဦးအား ပူဇော်ကန်တော့ရန်အတွက် စေတနာရှင်များကအလှူငွေများ ဆက်လက်လှူဒါန်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အလှူငွေကျပ် သိန်း ၁၅၀၊ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် (ငြိမ်း) (အမျိုးသားစာပေဆုရ စာရေးဆရာ ဝေလွင်မောင်) - သီရိသုဓမ္မသိင်္ဂီ ဒေါ်ဆွေဆွေဦး မိသားစုက အလှူငွေကျပ် ၁၅ သိန်း၊ စာပေပညာရှင် ဆရာကြီး ဒေါက်တာသန်းဦး (ပြည်စိုးမင်း) (ဦးသန်းဦးဖောင်ဒေးရှင်း) က ငွေကျပ် ၁၀ သိန်း၊ ဦးဇာလီဝင်းစော-ဒေါ်ခင်နှင်းဖြူ (ဗိုလ်ချုပ်ဈေး) က ငွေကျပ်သုံးသိန်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်စာရေးဆရာအသင်းက ငွေကျပ် ၂၂၀၀၀ဝ၊ ဝဏ္ဏကျော်ထင် ဦးသိုက်ထွန်း-အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်နွဲ့နွဲ့ကြည် (မိသားစု) နှင့် စာရေးဆရာ အကြီးကိုကို(ကသာ)တို့က ငွေကျပ်နှစ်သိန်းစီ။
ဆရာဝန်တင်ရွှေ မိသားစု၊ စာရေးဆရာ ဖိုးကျော့ - ဒေါ်ကြူကြူဝင်း၊ ပန်းဘဲတန်းမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးမြင့်အောင် (ဝါးခယ်မ) နှင့် ပန်းဘဲတန်းမြို့နယ်စာရေး ဆရာအသင်းတို့က ငွေကျပ်တစ်သိန်းစီ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်စာရေးဆရာအသင်းနှင့် မော်လမြိုင်မြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ်ငါးသောင်းစီ၊ ဦးလှမြင့် (လှမြင့်- ဂန္ဓမာ)၊ မော်လမြိုင်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်လင်း (ကျော်လင်း-ဒိုင်းဝန်ကွင်း) နှင့် စာရေးဆရာမ မနွယ် (ကလော) တို့က ငွေကျပ်နှစ်သောင်းစီ ဒေါ်ကြည်ကြည်ဝင်းဇော် (ဒဂုံကြည်ဇော်) နှင့် ဒေါ်ဆွေဆွေဝင်း (မေစိုးရယ်) တို့က ငွေကျပ်တစ်သောင်းစီ ပေးအပ်လှူဒါန်းကြရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်) နှင့် တွဲဖက်အတွင်းရေးမှူး (၃) ဦးအောင်ကြည် (အောင်ကြည်ညွန့်- တက္ကသိုလ်) တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကား ပြောကြားသည်။
အလှူငွေဖြစ်စေ၊ အလှူပစ္စည်းဖြစ်စေ လှူဒါန်းလိုပါက မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ အမှတ် (၁၇၃/၁၇၅) ပန်းဆိုးတန်းလမ်း (အလယ်) ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၁-၂၅၂၄၁၇၊ ၀၉-၄၅၀၀၉၀၄၈၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်