နေပြည်တော် နိုဝင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းဒေသကြီးရှိ Terminal များမှ စက်သုံးဆီများကို စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီ အရောင်းဆိုင်များသို့ စက်သုံးဆီသယ်ယာဉ် (Bowser) များဖြင့် နေ့ညမရွေး အဆက်မပြတ် ဖြည့်တင်းသယ်ယူ ပို့ဆောင်ဖြန့်ဖြူးလျက်ရှိသည်။
ထိုသို့ ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိရာ နိုဝင်ဘာ ၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် နိုင်ငံတစ်ဝန်းရှိ စက်သုံးဆီ အရောင်းဆိုင် ၁၈၈၇ ဆိုင်သို့ ဆီ သယ်ယာဉ် (Bowser) ၁၃၀၈ စီးဖြင့် 92 Ron ဂါလန် (၁ သန်း ၁ သိန်း ၆ သောင်းကျော်)၊ 95 Ron ဂါလန် (၂ သိန်း ၃ သောင်းကျော်)၊ ဒီဇယ်ဆီဂါလန်(၈ သိန်း ၅ သောင်း ကျော်)၊ ပရီမီယမ်ဒီဇယ်ဆီ(၁ သန်း ၄ သိန်း ၄ သောင်းကျော်) ကို ပို့ဆောင်ဖြန့်ဖြူးပေးခဲ့ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီများကို ပုံမှန်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
