Skip to main content

အသိပေးနှိုးဆော်ချက်

ရန်ကုန်တိုင်းဒေသကြီးအတွင်း တန်ဆောင်တိုင်ကာလတွင် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး (ရှူးဒိုင်း) များကို ထုတ်လုပ်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပစ်ဖောက်ခြင်းများ မရှိစေရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ သတိပေးနှိုးဆော်ချက်များ နှစ်စဉ်ထုတ်ပြန်လျက်ရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ၌ တန်ဆောင်တိုင်ပွဲတော်ကာလတွင် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း) များကို ပစ်ဖောက်မှုများကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်စေခြင်း၊ မသမာသူများမှ ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးကို ထိခိုက်အောင် ပြုလုပ်လာနိုင်ခြင်းတို့ကြောင့် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး (ရှူးဒိုင်း) များကို ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပစ်ဖောက်ခြင်းများ မပြုလုပ်ကြရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့