Skip to main content

ကျန်းမာရေးဝန်ထမ်းများ CDM ပြုလုပ်မှုကြောင့် ဘုတလင်မြို့ ပြည်သူ့ဆေးရုံအား တပ်မတော်မှ ချိတ်ပိတ်ဆိုသည့် သတင်းမှားများဖြန့်ဝေ

နေပြည်တော် နိုဝင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒသကြီး၊ ဘုတလင်မြို့ပြည်သူ့ဆေးရုံ၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအားလုံး CDM ပြုလုပ်သွားသဖြင့် တပ်မတော်မှအဆိုပါဆေးရုံအား ချိတ်ပိတ်လိုက်ကြောင်း Social Media များ၌ သတင်းမှားများ ဖြန့်ဝေလျက်ရှိသည်။

ဖြစ်စဉ်မှန်မှာ PDF အမည်ခံအကြမ်းဖက်သမားများက နိုဝင်ဘာ ၁၉ ရက်တွင် ဘုတလင်မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ ဘုတလင်မြို့ ပြည်သူ့ဆေးရုံဝင်းအတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထိုသို့ PDF အမည်ခံအကြမ်းဖက်သမားများပစ်ခတ်သည့် လက်နက်ကြီးကျည်များ ဆေးရုံအတွင်းသို့ ထပ်မံကျရောက်နိုင်သဖြင့် မြို့နယ်ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများသည် တိုက်ပွဲရှောင်သည့်အနေဖြင့် ဆေးရုံမှခေတ္တထွက်ခွာခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အဆက်အသွယ်ရယူလျက်ရှိကြောင်း သိရှိရသည်။ PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုလုပ်ရပ်များကြောင့် ပြည်သူလူထု၏ကျန်းမာရေးကို စေတနာထားဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ခေတ္တထွက်ခွာ၍ တိုက်ပွဲရှောင်မှုအပေါ် ပြည်ဖျက်မီဒီယာများက CDM ပြုလုပ်သွားသည်ဟု မဟုတ်မမှန် သတင်းမှားများကို ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။