နေပြည်တော် နိုင်ဝင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် စစ်မှုထမ်းဟောင်းများကို နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အစည်းအဝေးခေါ်ယူပြီး ပြန်လွှတ်မပေးဘဲထိန်းသိမ်းထားကြောင်း စစ်မှုထမ်းဟောင်းမိသားစုတွေနှင့် ရင်းနှီးသူများထံမှသိရသည်ဟု အထင်အမြင်လွဲမှားဖွယ်သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများ၌ ဖော်ပြလျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍စိစစ်ခဲ့ရာ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ နိုဝင်ဘာ ၂၀ ရက်တွင် ပြည်မြို့၌ စစ်မှုထမ်းဟောင်းများကို အစည်းအဝေးခေါ်ယူခြင်းမရှိကြောင်းနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ယခုလအတွင်း ခေါ်ယူတွေ့ဆုံခြင်းများ (လုံးဝ) လုံးဝမရှိကြောင်းသိရှိရပြီး လူမှုကွန်ရက်စာမျက်နှာများ၌ ယခုကဲ့သို့ ကောလဟလ သတင်းမှားများဖြန့်ဝေခြင်းသည် တပ်မတော်နှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအကြား အထင်အမြင်လွဲမှားစေရန်ရည်ရွယ်၍ ရေးသားဖော်ပြထားခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
