Skip to main content

သိန္နီမြို့နယ်၊ ကျောင်းခမ်းဘုန်းကြီးကျောင်းတွင် တိုက်ပွဲရှောင်လူဦးရေ တစ်ထောင်ကျော် ပိတ်မိနေပြီး အဆိုပါနေရာသို့ ရိက္ခာတင်သွင်းခွင့်ကို တပ်မတော်ကပိတ်ပင်ထားသည်ဟု သတင်းတု သတင်းမှားများဖြန့်ဝေ

နေပြည်တော် နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သိန္နီမြို့၊ ကျောင်းခမ်းဘုန်းကြီးကျောင်းထဲတွင် တိုက်ပွဲရှောင် တစ်ထောင်ကျော်ပိတ်မိနေကြောင်းနှင့် အဆိုပါနေရာသို့ ရိက္ခာတင်သွင်းခွင့်ကို တပ်မတော်ကပိတ်ပင်ထားသည်ဟု Social Media များ၌ သတင်းတု၊ သတင်းမှားများ ဖြန့်ဝေလျက်ရှိသည်။

ဖြစ်စဉ်မှာ အကြမ်းဖက်သောင်းကျန်းသူများသည် သိန္နီမြို့ပတ်ဝန်းကျင်တွင် ဖြန့်ခွဲလှုပ်ရှားကာ အကြမ်းဖက်မှုများ လုပ်ဆောင်လျက်ရှိသဖြင့် သိန္နီမြို့အတွင်း လာရောက်တိုက်ပွဲရှောင်နေသော ဒေသခံပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာများသို့သွားရောက်၍ ရိက္ခာများသယ်ယူပါက အကြမ်းဖက်အဖွဲ့များ၏ပစ်ခတ်မှုများကြောင့် အန္တရာယ်ရှိနိုင်သဖြင့် တပ်မတော်မှ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ သွားလာခွင့်အား ခေတ္တတားမြစ် ပိတ်ပင်ထားခြင်းသာဖြစ်ကြောင်းသိရှိရပြီး ပြည်ဖျက်မီဒီယာများအနေဖြင့် တပ်မတော်နှင့်ပြည်သူအကြား အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် သတင်းတု၊ သတင်းမှားများကို ဖြန့်ဝေနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။