Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အဝင်မုခ်ဦး လျှပ်စစ်မီး အလှဆင်ခြင်းလုပ်ငန်းနှင့် တန်ဆောင်တိုင် မီးပုံးပျံကွင်းအတွင်း လျှပ်စစ်မီးသွယ်တန်းထားမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၂၁     

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အဝင်မုခ်ဦး လျှပ်စစ်မီးအလှ ဆင်နေမှု၊ တန်ဆောင်တိုင် မီးပုံးပျံကွင်းအတွင်း လျှပ်စစ်မီးသွယ်တန်းထားမှုနှင့် ရာဇူဒိုင်လမ်းပေါ်ရှိ ကောင်းကင်ဓာတ်အားလိုင်းအား မြေအောက် ဓာတ်အားလိုင်းအဖြစ် ရွှေ့ပြောင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ တန်ဆောင်တိုင် မီးပုံးပျံကွင်း၌ မီးပုံးပျံ လွှတ်တင်မည့်နေရာ လျှပ်စစ်မီး သွယ်တန်းနေမှုနှင့် လျှပ်စစ်မီး အလှဆင်ခြင်းလုပ်ငန်း ဆောင်ရွက်မည့်အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအဝင်မုခ်ဦး၌ လျှပ်စစ်မီး အလှဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ တန်ဆောင်တိုင် ပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော် ပြုလုပ်မည့်ကွင်းအတွင်း လျှပ်စစ်မီး စနစ်တကျ သွယ်တန်းနေမှု၊ ရာဇူဒိုင်လမ်းပေါ်ရှိ ကောင်းကင်ဓာတ်အားလိုင်းအား မြေအောက်ဓာတ်အားလိုင်းအဖြစ် ရွှေ့ပြောင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်