Skip to main content

တရားမဝင် ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆိုင်ကယ်အပိုပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၁၉

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင် ရွက်ခဲ့ရာ နိုဝင်ဘာ ၁၇ ရက်တွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ ၂၁ လုံးအတွင်းမှ ပိုင်ရှင်က ထုတ်ယူလိုသော ဆန္ဒမရှိသည့် ကုန်ပစ္စည်းများဖြစ်သော Textile Materials အထည်အလိပ် ၂၀၅၇၈၅ ကီလိုဂရမ်(ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၂၆၄၄၆၆၅)၊ Textile Fabric Fiber ၁၅၅၀၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၁၁၁ ၄၇၅)၊ Trifamox (ပိုးသတ်ဆေး) ဆေးဝါးဘူး ၉၈၀၀ အပါအဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၇၀၇၂၈၇၈၂)၊ ဂုန်အိတ်နှင့် အိတ်မျိုးစုံ ကုန်ကြမ်းပစ္စည်း ၆၀၇၀၀ ကီလိုဂရမ် (ခန့်မှန်းတန် ဖိုးငွေကျပ် ၁၈၃၂၇၉၂၂)၊ ရော်ဘာ စေးထုတ်လုပ်ရန် ကုန်ကြမ်း ပစ္စည်း ၁၇၉၂၅ ကီလိုဂရမ်(ခန့်မှန်း တန်ဖိုးငွေကျပ် ၁၃၁၂၄၆၈၅)နှင့် ဓာတုကုန်ကြမ်းပစ္စည်း Polymers Of Ethylene ၄၅၀၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၅၇၆၈၆၀)ကို လည်းကောင်း။

နိုဝင်ဘာ ၁၈ ရက်တွင် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှတရားဝင်စာရွက်စာတမ်း အထောက် အထား တင်ပြနိုင်ခြင်းမရှိသော InnoPlus Linear Low Density Polyethylene ၁၀၀၀ ကီလိုဂရမ်၊ CAMEL Motorcycle Tube အခု ၆၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၀၀၀၀၀)၊ Xuemel Monoso-dium Glutamate ၁၇၅၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀) ကို လည်းကောင်း၊ နိုဝင်ဘာ ၁၉ ရက်တွင် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Prawn Hornet ဟင်းသီးဟင်းရွက်ဆီ ၁၈ လီတာပါ ဘူး ၂၁၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၅၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀၀၀၀၀၀၀)ကို လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၇၅၇၁၄၃၈၉ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ နိုဝင်ဘာ ၁၇ ရက်၊ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၆ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၆၂၁၄၃၈၉) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။                

သတင်းစဉ်