Skip to main content

ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုများအား ဆန့်ကျင်ရှုတ်ချပွဲကို ရန်ကုန်၌ ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကြေးသွန်းဘုရားရှေ့တွင် ယနေ့ညနေ ၄ နာရီက ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှုများအား ဆန့်ကျင်ကန့်ကွက်ရှုတ်ချပွဲကို အမျိုးသားရေးလှုပ်ရှားသူများက ဦးဆောင်ကျင်းပခဲ့‌သည်။

အမျိုးသားရေးလှုပ်ရှားသူများ ဦးဆောင်ဆန္ဒဖော်ထုတ်ရာတွင် မြန်မာပြည်တဝှမ်းမှာ ငြိမ်းချမ်းရေးပန်းများ ပွင့်လန်းပါစေ၊ အကြမ်းဖက်လုပ်ရပ်တွေ - ချက်ချင်းရပ်၊ တိုင်းတပါးအားကိုး ပုဆိန်ရိုးများအား -ဆန့်ကျင်ကြ၊ ပြည်တွင်းရေးကို စွက်ဖက်သူ-ဒို့ရန်သူ၊ အမိမြေကိုကာကွယ်ကြ (let protect our mother land)၊ ဒါ ငါတို့ပြည် ဒါငါတို့ပြည်ထောင်စု ဒါငါတို့ပြည်တွင်းရေး၊ This is : Our Country, Our Union, Our Internal affairs၊ အချုပ်အခြာကို ထိပါးလာသူမှန်သမျှ - ဆန့်ကျင်ကြ၊ အပြစ်မဲ့ပြည်သူများကို အတိဒုက္ခရောက်စေသော အကြမ်းဖက်လုပ်ရပ်များအား - ဆန့်ကျင်ကြပိုစတာများ ကိုင်ဆောင်၍ ကြွေးကြော်ပြီး ညနေ ၄ နာရီခွဲတွင်ပြီးဆုံးကာ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

မိုးမိုး