Skip to main content

၂၀၂၃-၂၀၂၄ ပညာသင်နှစ် နေပြည်တော်အဆင့် အခြေခံပညာကျောင်းသား အားကစားပွဲတော် ဖွင့်ပွဲကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၇

၂၀၂၃-၂၀၂၄ ပညာသင်နှစ် နေပြည်တော်အဆင့် အခြေခံပညာကျောင်းသား အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်း၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ပညာရေးမှူးရုံးညွှန်ကြားရေးမှူး၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊ အားကစားအဖွဲ့ခေါင်းဆောင်၊ အားကစားနည်းအလိုက် အုပ်ချုပ်သူ/နည်းပြများ၊ အားကစားမောင်မယ် ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဒေါက်တာကျော်လွင်က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းသား အားကစားအဖွဲ့များက အားကစားသစ္စာအဓိဋ္ဌာန်ကို ရွတ်ဆိုကြ သည်။

ထို့နောက် ကျောင်းသား ကျောင်းသူများက စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးအစီအစဉ် အတွဲ (၃/၄) နှင့် Physical Fitness Dance၊ ပန်းဖွားအက အစီအစဉ်များကို သရုပ်ပြတင်ဆက်ကြသည်။

ဖွင့်ပွဲအပြီးတွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော ပြိုင်ပွဲများကို အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း နှင့် အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်