ရန်ကုန် နိုဝင်ဘာ ၁၇
မြန်မာနိုင်ငံ စာရေးဆရာအသင်းက ၁၃၈၅ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် (၃၆) ကြိမ်မြောက် သက်ကြီးပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် စေတနာရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းလျက်ရှိရာ မြဝတီစာပေတိုက်က အလှူငွေကျပ် ငါးသိန်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)နှင့် ဒလမြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ်သုံးသိန်းစီ၊ ဒေါ်မြမြသန်း (မနှင်းဖွေး)နှင့် ဦးသက်နောင် (ပုလော စိုးနံ့သာ)- ဒေါ်အေးမိုးသူ မိသားစုတို့က ငွေကျပ်တစ်သိန်းစီ၊ ဘားအံမြို့နယ်စာရေးဆရာအသင်းက ငွေကျပ်ငါးသောင်း၊ သဲကုန်းမြို့နယ် စာရေးဆရာအသင်းက ငွေကျပ်လေးသောင်း ပေးအပ်လှူဒါန်းကြရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ မောင်နိုင်မိုး)၊ အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ- ကြို့ပင်ကောက်)နှင့် တွဲဖက်အတွင်းရေးမှူး(၃) ဦးအောင်ကြည် (အောင်ကြည်ညွန့်-တက္ကသိုလ်) တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကား ပြောကြားသည်။
အလှူငွေဖြစ်စေ၊ အလှူပစ္စည်းဖြစ်စေ လှူဒါန်းလိုပါက မြန်မာနိုင်ငံစာရေးဆရာ အသင်း အမှတ်(၁၇၃/၁၇၅) ပန်းဆိုးတန်းလမ်း(အလယ်) ကျောက်တံတားမြို့နယ် ရန်ကုန်မြို့ ဖုန်း ဝ၁-၂၅၂၄၁၇၊ ၀၉-၄၅၀၀၉၀၄၈၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်
