Skip to main content

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသည့် တပ်မတော်သား များအား ထောက်ခံပွဲကျင်းပ

နေပြည်တော်  နိုဝင်ဘာ  ၁၆

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံးကို ငြိမ်းချမ်းရေးလိုလားသည့် ပြည်သူများက အားပေးထောက်ခံလျက်ရှိကြသည်။

ထိုသို့အားပေးထောက်ခံလျက်ရှိရာ နိုဝင်ဘာလ(၁၆)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့ ဥဿာမြို့သစ်ရှိ ဥဿာဘောလုံးအားကစားကွင်း၌ ငြိမ်းချမ်းရေးကိုလိုလားသည့် သံဃာတော်များနှင့် ပြည်သူများစုစည်း၍ တိုင်းပြည်အလုံးစုံပျက်စီးရေး လုပ်ဆောင်နေကြသည့် KIA ၊ TNLA ၊ MNDAA ၊ AA ၊ BPLA နှင့် PDF အမည်ခံ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများအား ဆန့်ကျင်ရှူတ်ချပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြသည့် တပ်မတော် သားများအားထောက်ခံအားပေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ငြိမ်းချမ်းရေးကိုလိုလားကြသည့် သံဃာတော်များ၊ အမျိုးသားရေးတက်ကြွ လှူပ်ရှားသူများက နိုင်ငံတော်အလံများ ကိုင်ဆောင်၍ ကွင်းအတွင်းချီတက်နေရာယူပြီး နိုင်ငံတော်သီချင်းကို သံပြိုင်ရွတ်ဆိုကာ ထောက်ခံပွဲကိုဖွင့်လှစ်လိုက်ကြသည်။

ထို့နောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက်၍ အမျိုးသားရေးတတ်ကြွလှုပ်ရှားသူများက အသီးသီးရှင်းလင်းဟောပြောကြသည်။

ယင်းနောက် ထောက်ခံပွဲသို့တက်ရောက်လာကြသည့်ပြည်သူအားလုံးက “အမျိုးဘာသာသာသနာကိုစောင့်ရှောက်ပေးသော တပ်မတော်အားထောက်ခံပါသည်။ တပ်နှင့်ပြည်သူ အတူတူ သွေးခွဲလာသူဒို့ရန်သူ။ ရှေ့တန်းရောက်တပ်မတော်သားများ ကျန်းမာပါစေ။ ပြည်သူတို့၏ အကျိုးအမှန်ဖော်ဆောင်သည့် တပ်မတော်ကိုထောက်ခံပါသည်။ တရားသောစစ်အောင်ရမည်။ အစဉ်အလာကောင်းတဲ့တပ်မတော် ဒို့တပ်မတော်။ မြန်မာ့တပ်မတော်အား အပြည့်အဝထောက်ခံအပ်ပါသည်။ အကြမ်းPDF များကျဆုံးပါစေ။ စွန့်လွှတ်စွန့်စားတပ်မတော်သားများအောင်မြင်ပါစေ။ KIA အလိုမရှိ၊ TNLA အလိုမရှိ၊ MNDAA အလိုမရှိ၊ AA အလိုမရှိ၊ BPLA အလိုမရှိ၊ PDF အလိုမရှိ” စသည့်ကြွေးကြော်သံများကို သံပြိုင်ကြွေးကြော်ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကြောင်းသိရသည်။

ဒေါ်အေးအေးအောင်၊ ပဲခူးမြို့

ဒီထောက်ခံပွဲကိုလာရတဲ့အဓိကရည်ရွယ်ချက်က ကျွန်မတို့ရဲ့တပ်မတော်ကြီးကို ချစ်ခင်မြတ် နိုးပြီး ထောက်ခံအားပေးချင်လို့ လာခဲ့တာဖြစ်ပါတယ်။ ဒီပွဲကြီးရှိတယ်လို့ ကြားရ တဲ့အတွက် ကျွန်မတို့နဲ့စိတ်သဘောထားတူတဲ့သူတွေစုပြီး လာခဲ့ကြတာဖြစ်ပါတယ်။ ရှေ့တန်းကနေထွက်ပြီးတိုက်ခိုက်ရမယ်ဆိုရင်လည်း ကျွန်မတို့တင်မဟုတ်ပါဘူး ပြည်သူတွေကအစ ပူးပေါင်းပါဝင်ဖို့အတွက် အသင့်ရှိနေပါတယ်။ ဒီလိုပွဲမျိုးကို အခုမှမဟုတ်ပါဘူး နောက်လုပ်မယ့် ပွဲတွေကိုလည်း ကျွန်မတို့လိုပြည်သူတွေအများကြီးက အခုလိုတက် ရောက်ဖို့အတွက် အဆင်သင့်ရှိနေပါတယ်။

ဦး.....၊ ပဲခူးမြို့

ဒီပွဲကိုလာပြီးတက်ရောက်ရတဲ့ အကြောင်းရင်းကတော့ ကျွန်တော်တို့မြို့မှာ တပ် မတော် ထောက်ခံပွဲပြုလုပ်မယ်ဆိုတဲ့ အကြောင်းသိရတဲ့အတွက် ကျွန်တော်နဲ့စိတ်သဘော ထားချင်းတိုက်ဆိုင်တဲ့ လူဦးရေတစ်ရာလောက်စုပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် လာခဲ့ကြတာဖြစ်ပါတယ်။ နိုင်ငံတော်ကို အဘက်ဘက်က နှောင့်ယှက်ဖျက်ဆီးနေတဲ့၊ ပြည်သူလူထုကို ဒုက္ခပေးနေတဲ့ ရန်သူတွေကို တိုက်စစ်ဆင်နေတဲ့ တပ်မတော်သားတွေကို ကျွန်တော်တို့က လာပြီးအားပေးတာပါ။ ရှေ့တန်းစစ်မြေပြင်မှာ ရန်သူတွေကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေကြတဲ့ တပ်မတော်သားတွေ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေလို့ ကျွန်တော်တို့ကဆု တောင်းပေးနေပါတယ်။ ကျွန်တော်တို့အနောက်မှာလည်း ကျွန်တော်တို့လိုပြည်သူတွေ အများကြီးရှိနေပါတယ်။