နေပြည်တော် နိုဝင်ဘာ ၁၅
တစ်နှစ်တွင်တစ်ခါသာ ပေါ်လေ့ရှိသည့် ရာသီစာမှိုဥနက်သည် မိုးရာသီကုန်ပြီး ဆောင်းရာသီ စတင်ဝင်သည့်အချိန်တွင် မှိုများပေါက်ရောက်ကြောင်း၊ အချို့သောသူများမှာ မှိုပေါက်သည့်အချိန်ကို မိမိတို့အမှတ်အသားများဖြင့် မှတ်သားထားကြောင်း၊ သစ်ပင်၏အပင်ခြေရင်းများရှိ သစ်ရွက်ခြောက်/ သစ်ရွက်ဆွေးများတွင်လည်းကောင်း၊ မြေလွတ်/မြေရိုင်းများတွင်လည်းကောင်း၊ မိမိတို့နေထိုင်သည့် ခြံဝင်းများဘေးပတ်လည်ရှိ ခြံစည်းရိုးများတွင်လည်းကောင်း သဘာဝအလျောက်နေရာအနှံအပြား ပေါက်ရောက်လျက်ရှိပါသည်။
ယခုနှစ်သည် မိုးလေဝသရာသီဥတုအရ မိုးနှောင်းကာလတွင် မိုးများအဆက်မပျက် ရွာသွန်းသဖြင့် မှိုပေါက်မှုနောက်ကျကြောင်း၊ ယခင်နှစ်ကထက် မှိုပေါက်နည်းကြောင်း၊ ရာသီစာမှိုဥနက် ရှာဖွေရာတွင် နှစ်ယောက် (သို့မဟုတ်) အဖွဲ့လိုက်ရှာဖွေကြကြောင်း၊ ''မှိုရသည့်မျက်နှာ'' ဟုဆိုသည့် စကားပုံအတိုင်း မှိုများရှာတွေ့ရာတွင် တစ်ယောက်နှင့် တစ်ယောက် စနောက်ခြင်း၊ ပျော်ရွှင်ခြင်းဖြင့် ပျော်ပျော်ပါးပါး မှိုများရှာဖွေကြကြောင်း၊ ရရှိလာသည့်မှိုများကို မြေကြီးများပြောင်အောင်ဓားဖြင့်ခြစ်ပြီး သန့်ရှင်းအောင်ပြုလုပ်၍ ရောင်းပန်းလှအောင်ရောင်းချရကြောင်း၊ မှိုဥနက်များကိုအိမ်တွင် စားသုံးခြင်း၊ မိတ်ဆွေများကိုလက်ဆောင်ပေးခြင်းများ ပြုလုပ်ကြကြောင်း၊ မှိုအရွယ်အစားအပေါ်မူတည်၍ မှိုအဖူးအငုံ (၁) ပိဿာလျှင် (၂၀၀၀ဝိ/-) ကျပ်နှင့် မှိုအပွင့် (၁)ပိဿာလျှင် (၁၆၀၀ဝိ/-) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သဘာဝအလျောက်ထွက်ရှိသည့် ရာသီစာမှိုဥနက်များကို ရှာဖွေရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
