Skip to main content

Technical Media Production Training သင်တန်းဖွင့်လှစ်

နေပြည်တော် ဩဂုတ် ၂၆

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် Search for Common Ground (SFCG) တို့ပူးပေါင်း၍ Technical Media Production Training သင်တန်းကို နေပြည်တော် ၊ တပ်ကုန်းရှိ မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား သင်တန်း ခန်းမ၌ ပြုလုပ်သည်။

သင်တန်းတွင် တိုင်းရင်းသားတို့၏  ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံနှင့် အကအလှတို့ကို  ရိုက်ကူး တင်ဆက်မည့် ရုပ်သံဇာတ်လမ်းတွဲ ထုတ်လုပ်နိုင်ရန်အတွက် ပါဝင်ဆောင်ရွက်သွားမည့် ဝန်ထမ်း များကို ရိုက်ကူးရေး မစတင်မီ လိုအပ်မည့် နည်းပညာပိုင်းဆိုင်ရာများကို သင်ကြားပေး ခြင်းဖြစ် သည်။

အဆိုပါ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးထုတ်လုပ်နိုင်ရန်အတွက် ဩဂုတ်(၁၈)ရက်မှ (၂၀)ရက်အထိ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးနိုင်ရေး အထောက်အကူပြုသင်တန်းကို Film Development Center မှ ဒေါက်တာအောင်မင်း ၊ ဒါရိုက်တာ ကြည်ဖြူသျှင်နှင့်ဝါရင့် ပညာရှင် (၁၂)ဦးတို့က ပို့ချပေးခဲ့ပြီး ယခု Technical  Media Production Training သင်တန်းကို ဩဂုတ် (၂၂)ရက်မှ (၂၆)ရက်အထိ (၅)ရက်ကြာ သင်ကြားပို့ချခဲ့ခြင်း ဖြစ်သည်။

အဆိုပါ Technical  Media Production Training သင်တန်းမှာ ကင်မရာ ၊ Editing /Sound / Colour Grading တို့ကို အဓိကထား သင်ကြားပေးခြင်းဖြစ်သည်။ Technical  Media Production Training သင်တန်းကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်း (၂၅)ဦး တက်ရောက်ခဲ့သည်။ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် အကအလှ ရုပ်သံဇာတ်လမ်းတွဲကို တိုင်းဒေသကြီး (၃)ခုနှင့် ပြည်နယ် (၇)ခုတို့တွင် ရိုက်ကူးသွား မည်ဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာန ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် Search for Common Ground (SFCG) တို့ ပူးပေါင်း၍ ၂၀၁၇ ခုနှစ်၌ ရေဒီယိုတွင် “တွေးကြခေါ်ကြပြောင်းလဲကြ” အစီအစဉ်နှင့် ၂၀၁၈ ခုနှစ်၌ ရုပ်မြင်သံကြားတွင် “အပ်ဖျားတစ်ထောက်” အမည်ရှိ မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး ရုပ်သံဇာတ်လမ်းများကို ရိုက်ကူး ထုတ်လုပ်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)