Skip to main content

မြန်မာ့လက်ရွေးစင်အသင်း အပြီးသတ်ကစားသမား ၂၄ ဦးရွေးချယ်

ရန်ကုန် နိုဝင်ဘာ ၁၃

မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် ဖိုက်အွန်ဘိုင်နာသည် ဂျပန်လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်မည့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် အပြီးသတ် စားသမား ၂၄ ဦး ရွေးချယ်လိုက်ပြီဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းတွင် ဂျပန်နိုင်ငံသို့ထွက်ခွာသွားပြီး အုပ်ချုပ်/နည်းပြအဖွဲ့ဝင် ၁၁ ဦး၊ ကစားသမား ၂၄ ဦး၊ စုစုပေါင်း ၃၅ ဦး လိုက်ပါသွားသည်။ မြန်မာ့လက်ရွေးစင်အသင်းနှင့် ဂျပန်လက်ရွေးစင်အသင်းတို့၏ ကမ္ဘာ့ဖလားခြေစစ်ပွဲကို နိုဝင်ဘာ ၁၆ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ဂျပန်နိုင်ငံအိုဆာကာမြို့တွင် ကျင်းပမည်ဖြစ်သည်။ ဂျပန်အသင်းနှင့်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်းတွင် ဂိုးသမား-ကျော်ဇင်ဖြိုး (ရှမ်းယူနိုက်တက်)၊ ဆန်းဆက်နိုင် (ရန်ကုန်ယူနိုက်တက်)၊ ဇင်ညီညီအောင် (ဒဂုံစတား)၊ နောက်တန်း-နန္ဒကျော်၊ ရဲမင်းသူ၊ ဇွဲခန့်မင်း (ရှမ်းယူနိုက်တက်)၊ သက်ဟိန်းစိုး၊ ကောင်းထက်ပိုင် (ရတနာပုံ)၊ လတ်ဝေဘုန်း (ဧရာဝတီ)၊ ဟိန်းဖြိုးဝင်း (ရတ်ချာဘူရီ-ထိုင်း)၊ စိုးမိုးကျော်(ဖနွမ်းပင်ခရောင်း-ကမ္ဘောဒီးယား)၊ အလယ်တန်း-ဝေလင်းအောင်၊ ဆွမ်လမန် (ဒဂုံစတား)၊ ရန်နိုင်ဦး၊ ဇော်ဝင်းသိန်း (ရန်ကုန်ယူနိုက်တက်)၊ နေမိုးနိုင်(ဟံသာဝတီ)၊ ဟိန်းထက် အောင်(နီဂျီရီဆမ်ဘီလန်-မလေးရှား)၊ ကျော်မင်းဦး (PDRM-မလေးရှား)၊ လွင်မိုးအောင် (ရရောင်း- ထိုင်း)၊ မောင်မောင်လွင် (လမ်ဖွန်ဝါရီယာ-ထိုင်း)၊ ရှေ့တန်း-အောင်သူ (အူထိုင်းထာနီ-ထိုင်း)၊ဝင်းနိုင်ထွန်း (ဘော်နီယို-အင်ဒို နီးရှား)၊ သန်းပိုင်(ချင်းမိုင်ယူနိုက်တက်-ထိုင်း)တို့ ပါဝင်ကြသည်။

မြန်မာ့လက်ရွေးစင်အသင်းတွင် ပထမအဆင့်ခြေစစ်ပွဲကစားခဲ့သည့် ကစားသမားအများစုပါဝင်လာပြီး ကစားသမားအချို့ ပထမဆုံးရွေးချယ်ခံခဲ့ရသည်။

ရဲရင့်လွင်

ဓာတ်ပုံ-MFF