Skip to main content

ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့်သင်တန်း အမှတ်စဉ် (၄ /၂၀၂၃) ဖွင့်လှစ်

နေပြည်တော် နိုဝင်ဘာ ၁၃

တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တို့တွင် တာဝန်ထမ်းဆောင်မည့် ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့်သင်တန်းအမှတ်စဉ် (၄/၂၀၂၃)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ကျင်းပသည်။

သင်ကြားပို့ချပေးမည်

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ယခုသင်တန်းတွင် ရွေးကောက်ပွဲနှင့် ရုံးလုပ်ငန်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲများကျင်းပရာတွင် မြို့နယ်ကိုအခြေခံပြီး ကျင်းပဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် မြို့နယ်ရှိဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ သင်တန်းသားများအနေဖြင့် မြို့နယ်အရာရှိများကိုယ်စား လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် မြို့နယ်တာဝန်ခံဦးစီးအရာရှိတစ်ဦး ဆောင်ရွက်ရသည့် လုပ်ငန်းတာဝန်များကို သိရှိထားရန်လိုအပ်ကြောင်း။

အရည်အချင်းပြည့်ဝရန်လိုအပ်

ရွေးကောက်ပွဲကော်မရှင်တွင် တာဝန်ထမ်းဆောင်ကြရမည့် ဝန်ထမ်းများအနေဖြင့် အရည်အချင်းပိုင်းဆိုင်ရာ ပြည့်ဝရန်လိုအပ်သကဲ့သို့ စိတ်ဓာတ်ပိုင်းဆိုင်ရာလည်း ကြံ့ခိုင်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းတာဝန်များကိုလည်း ကြိုတင်မြော်တွေးပြီး ဆောင်ရွက်တတ်ရန်လိုကြောင်း၊ ပြောဆိုပြုမူနေထိုင်ရာတွင်လည်း အများလေးစားအောင်၊ ယုံကြည်မှုရှိအောင် နေထိုင်ကြရန်လိုကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းကို နိုဝင်ဘာ ၁၃ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်