နေပြည်တော် နိုဝင်ဘာ ၁၀
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Md. Monwar Hossain ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နယ်စပ်ဂိတ်များမှတစ်ဆင့် ကုန်သွယ်မှုများ အဆင်ပြေချောမွေ့စေရေးနှင့် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန် သာမက အခြားထုတ်ကုန်များ တိုးမြှင့်တင်ပို့ နိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့် လင်းစွာ ဆွေးနွေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Japan Myanmar Association ၏ Vice Chairman Mr. Watanabe Yusuke ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နံနက် ၁၁ နာရီတွင် အဆိုပါ ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် သီလဝါအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲများသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
