Skip to main content

“CLMVT နိုင်ငံများရှိ SMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် E-commerce ဆိုင်ရာမူဝါဒ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်အထည်ဖော်ရေး မဟာဗျူဟာများရေးဆွဲနိုင်ရေး သင်တန်းတက်ရောက်ခဲ့မှုအပေါ် အသိပညာမျှဝေဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့်ဆွေးနွေး

နေပြည်တော် နိုဝင်ဘာ ၁၀

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရန် ရည်ရွယ်သည့် Know- ledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၃၇) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁) ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် တက်ရောက်အမှာစကား ပြောကြားသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ယနေ့ KSP အစီအစဉ်တွင် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ မြန်မာနှင့် ထိုင်းနိုင်ငံ စသည့် CLMVT ငါးနိုင်ငံတို့ရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (Small and Medium Enterprises- SMEs) ဖွံ့ဖြိုးရေးအတွက် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးစနစ် (E- Commerce) ဆိုင်ရာမူဝါဒများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်အထည်ဖော်ရေး မဟာဗျူဟာများရေးဆွဲနိုင်ရေးအတွက် လေ့လာခဲ့မှုများကို မျှဝေဆွေးနွေးမည်ဖြစ်သဖြင့် ဝန်ထမ်းများအနေဖြင့် သိရှိနားလည်ထားရန် လိုအပ်ပါကြောင်း၊ မိမိတို့သည် ၂၁ ရာစု၏ Digital Age သို့ရောက်ရှိနေသဖြင့် အဓိကလိုအပ်ချက်သည် သတင်းအချက်အလက်နှင့်နည်းပညာ (Informa- tion and Technology-IT) ပင် ဖြစ်ကြောင်း၊ ယနေ့ကမ္ဘာပေါ်တွင် E-Commerce ကို ပုံစံအမျိုးမျိုးဖြင့် အသုံးပြုလာကြ သည်သာမက ငွေပေးချေရာတွင် Digital Payment စနစ်များကို တွင်တွင်ကျယ်ကျယ် အသုံးပြု လာသည်ကို တွေ့ရှိရပါကြောင်း၊ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (Micro Small and Medium and Enterprise- MSMEs ) တိုးတက်ကောင်းမွန်လာသည်နှင့်အမျှ နိုင်ငံတော်၏ GDP တိုးတက်လာပြီး စီးပွားရေးအရှိန်အဟုန် တိုးတက်ကောင်းမွန်လာမည် ဖြစ်ကြောင်း ဆွေးနွေးတင်ပြသူအနေဖြင့် CLMVT နိုင်ငံများဖြစ် သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့သည် အခြေခံအဆောက်အအုံ၊ အင်တာနက်နှင့် ဆက်သွယ်ရေး ကဏ္ဍများတွင် တိုးတက်နေပြီဖြစ်သည့်အတွက် ယင်းနိုင်ငံများ ၏SMEs လုပ်ငန်းများအခြေအနေနှင့် E- Commerce ဆက်သွယ်ချိတ်ဆက်မှုကို ဝန်ထမ်းများအနေဖြင့် သိရှိနားလည်ထားရန်နှင့် မိမိနိုင်ငံအတွက် ပြင်ဆင်ဆောင်ရွက်ထားနိုင်ရေး လိုအပ်ချက်များကိုပါ ထည့်သွင်းဆွေးနွေးပေးရန်နှင့် တက်ရောက်လာကြသူများအနေဖြင့်လည်းစိတ်ပါဝင်စားစွာ ဝိုင်းဝန်းဆွေးနွေးသွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဆွေးနွေးတင်ပြမှုကိုဆောင်ရွက်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်ဥမ္မာအောင်က “CLMVT နိုင်ငံများရှိ SMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် E- commerce ဆိုင်ရာ မူဝါဒဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင် အထည်ဖော်ရေး မဟာဗျူဟာများရေးဆွဲနိုင်ရေး သင်တန်းသို့ တက်ရောက်ခဲ့မှုအပေါ် အသိပညာ မျှဝေဆွေးနွေးခြင်း ခေါင်းစဉ်ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများက အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများ (Non- Tariff Measures) နှင့်စပ်လျဉ်း၍လည်းကောင်း၊ MSME နှင့် E-commerce ချိတ်ဆက်မှုတွင် MSME များ၏ ထုတ်ကုန်ကို နိုင်ငံတကာအရည်အသွေးအဆင့်မီ ထုတ်လုပ်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံတွင် Online Platform အသုံးပြုနေမှုနှင့် စပ်လျဉ်း၍လည်းကောင်း ဖြည့်စွက်မေးမြန်း ဆွေးနွေးခဲ့ကြသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိများနှင့် အရာထမ်း/ အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးရုံးများမှ အွန်လိုင်းဖြင့် တက်ရောက်သူများ အပါအဝင် စုစုပေါင်းဝန်ထမ်း အင်အား ၁၂၀ ကျော် တက်ရောက်ကြသည်။

သတင်းစဉ်