Skip to main content

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင် ရုရှားရေတပ်ဦးစီးချုပ်အား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ၊ ရုရှားစစ်ရေယာဉ်ပေါ်တွင်ပြုလုပ်သည့် ညစာစားပွဲတက်ရောက်

နေပြည်တော်   နိုဝင်ဘာ  ၆

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်သည် နိုဝင်ဘာ ၄ ရက် ညပိုင်း၌ Admiral Nikolai A.EVMENOV ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ အခမ်းအနားတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ရုရှားရေတပ် ဦးစီးချုပ်တို့မှ နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားခဲ့ပြီး တက်ရောက်လာ ကြသူများနှင့်အတူ ဂုဏ်ပြုညစာကိုအတူတကွ သုံးဆောင်ကြသည်။

ညစာသုံးဆောင်နေစဉ်အတွင်း ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့၊ တပ်မတော်(ရေ) သံစုံတီးဝိုင်း အဖွဲ့နှင့် ရုရှားရေတပ်သံစုံ တီးဝိုင်းအဖွဲ့တို့မှ တေးသီချင်းများ၊ အကပဒေသာများနှင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

အလားတူ နိုဝင်ဘာ ၅ ရက် ညပိုင်းတွင်လည်း ကာကွယ်ရေးဦးစီးချုပ်(ရေ) နှင့် အဖွဲ့ဝင်များသည် ရုရှားစစ်ရေယာဉ် Admiral Tributs ပေါ်သို့တက်ရောက် လေ့လာကြည့်ရှုပြီး ရုရှားရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV မှ ရုရှားစစ်ရေယာဉ် Admiral Panteleev ပေါ်တွင် အပြန်အလှန်တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။