နေပြည်တော် နိုဝင်ဘာ ၅
မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီအစည်းအဝေး(၂/၂၀၂၃)ကို ယနေ့နံနက်ပိုင်းက နေပြည်တော် တိုင်းရင်းဆေးရုံကြီးခုတင် (၁၀၀)တွင်ကျင်းပရာ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီနာယက တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် အစည်းအဝေး ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ သဘာပတိ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌ ဆရာကြီးဦးမြင့်ဦးက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံတိုင်းရင်းဆေး ကောင်စီ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကောင်စီအတွင်းရေးမှူး ဦးဝင်းဇော်က အလုပ်အမှုဆောင်အဖွဲ့၏ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြအတည်ပြုချက်ရယူသည်။ ထို့နောက် တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးတင်ပြကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီနာယက တိုင်းရင်းဆေး ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌ ဆရာကြီး ဦးမြင့်ဦး၊ ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။
ထွန်းထွန်း