ရန်ကုန် နိုဝင်ဘာ ၅
မြန်မာ - ကိုရီးယားခေတ်ပေါ် တေးဂီတဖျော်ဖြေပွဲ (Myanmar-Korea Musical Show) ဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ Friday Night Live Show ၌ ပါဝင်တင်ဆက်ခဲ့ကြသည့် ကိုရီးယားအနုပညာရှင်များသည် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာသွားကြသည်။
အဆိုပါအဖွဲ့တွင် ကိုရီးယားနိုင်ငံ K -Pop အဖွဲ့မှ အမျိုးသားအနုပညာရှင် Moon Geontak ၊ Haro ၊ အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် Nam Young J၀၀၊ အမျိုးသမီးအနုပညာရှင် Henny ၊ Jeong deul Le Rejen နှင့် ကြီးကြပ်သူမန်နေဂျာများ၊ အထောက်အကူပြုအဖွဲ့များ ပြန်လည်လိုက်ပါသွားကြသည်။
အဆိုပါ ကိုရီးယားအနုပညာရှင်အဖွဲ့သည် နိုဝင်ဘာ ၃ ရက် ညပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့ရုပ်မြင်သံကြား၏ Friday Night Live Show တွင် နိုင်ငံတကာ၌ ကျော်ကြားလျက်ရှိသည့် K-Pop အဆို၊ အကများ၊ ကိုရီးယားကျေးလက်တေးဂီတ Trot ၊ Ball-ade နှင့် ဂန္ထဝင်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး နိုဝင်ဘာ ၄ ရက်ကလည်း ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ အင်းလျားကန်၊ ဗိုလ်ချုပ်အောင်ဆန်း ဈေး၊ Junction City Shopping Mall တို့အပြင် ကိုရီးယား - မြန်မာချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် တည်ဆောက်နေသည့် ရန်ကုန် - ဒလ မြစ်ကူးတံတားကိုလည်း ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘောဖြင့် စီးနင်းလိုက်ပါ၍ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်