Skip to main content

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်း/တပ်ဖွဲ့များရှိ မွေးကင်းစမှ အသက် ၅ နှစ်အထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေး

နေပြည်တော် နိုဝင်ဘာ ၄

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ မွေးကင်းစမှ အသက် ၅ နှစ်အထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ ကာကွယ်ဆေးထိုးနှံမည့် ကလေးငယ်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ နယ်မြေခံတပ်မတော်ဆေးတပ်ရင်းမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ  တက်ရောက်ကြသည်။

အဆိုပါ မွေးကင်းစမှ အသက် ၅ နှစ်အထိ ကာကွယ်ဆေးထိုးနှံ၊တိုက်ကျွေးခြင်းများ ဆောင်ရွက် ရာတွင် နယ်မြေခံဆေးတပ်ရင်းမှ ပါရဂူများနှင့် ဆေးမှူးများက ကလေးငယ် ၃၁၃ ဦးတို့ကို ဝက်သက်၊ ဂျိုက်သိုး၊ (BCG)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင်၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ရောဂါကာကွယ်ဆေးနှင့် ပိုလီယိုရောဂါကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးကြသည်။

ထိုသို့ ဆောင်ရွက်နေမှုများကို တိုင်းမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ကလေးငယ်များအတွက် အာဟာရဖြစ်စားသောက် ဖွယ်ရာများ ပေးအပ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်