Skip to main content

နေပြည်တော်စာပေဝိုင်းမှ (၃၆) ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေများ လှူဒါန်း

နေပြည်တော် နိုဝင်ဘာ ၂

မြန်မာနိုင်ငံစာရေးဆရာအသင်း၏ ၁၃၈၅ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် (၃၆) ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာ၊ စာရေးဆရာမများ (ကိုယ်စား) အမျိုးသားစာပေဆုရှင်ဆရာကြီးချစ်နိုင် (စိတ်ပညာ) က ငွေကျပ် ၄၀၀၀၀၀ ကို ယမန်နေ့ကပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် အမျိုးသားစာပေဆုရှင် ဆရာကြီး ချစ်နိုင် (စိတ်ပညာ) က မုဒိတာစကားပြောကြားပြီး လှူဒါန်းပွဲသို့ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ စာရေးဆရာကြီး ချစ်နိုင် (စိတ်ပညာ)၊ စာရေးဆရာ ကဖိုးကျင်၊ စာရေးဆရာမ ဇင်(ရန်ကုန်တက္ကသိုလ်)၊ စာရေးဆရာ စိန်ဝင်းနွယ် (ဘာသာပြန်)၊ စာရေးဆရာ ရဲမွန်ကျော်၊ စာရေးဆရာ ဟန်ညွန့်(ယဉ်ကျေးမှု)၊ စာရေးဆရာ အိုင်ပီမျိုးအောင်၊ စာရေးဆရာ နွေဦးကိုကို၊ စာရေး ဆရာ ဘုန်းရဲနိုင်(ဂန့်ဂေါ)၊ စာရေးဆရာ အောင်ဆွေထက် (ချွေးမြို့တော်)၊ စာရေးဆရာမ ချယ်ချယ်(YU)၊ စာရေးဆရာမ နန်းနန်း(စပါးကျီ)၊ စာရေးဆရာ မောင်အောင်ဝေ (ညောင်ခြေထောက်)နှင့် စာရေး ဆရာ မောင်သန်းညွန့်(မြစ်ခြေ)တို့ တက်ရောက်ကြသည်။

အလှူငွေဖြစ်စေ၊ အလှူပစ္စည်းဖြစ်စေ လှူဒါန်းလိုပါက မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ အမှတ် ၁၇၃/၁၇၅၊ (၇)လွှာ ပန်းဆိုးတန်းလမ်း (အလယ်) ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၂၅၂၄၁၇၊ ၀၉-၄၅၀၀၉၀၄၈၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

သတင်းစဉ်