Skip to main content

ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများ ပို့ဆောင်

နေပြည်တော် နိုဝင်ဘာ ၂

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှု၊ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ MV MCL-5 ရေယာဉ်သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံမှပေးပို့သည့် ဆန် ၂၄ ပြည် အိတ် ၄၀၀၀၀ နှင့် စည်သွတ်ဘူး၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်နှင့် အချိုရည် စသောအသင့်စားသောက်နိုင်သည့် စားသောက်ကုန်ပစ္စည်းများ အပါအဝင် စုစုပေါင်း ၂၀၅၆ ဒသမ ၅၁ တန် တင်ဆောင်၍ ယနေ့ညနေပိုင်းတွင် The Myanmar Terminal (TMT) ဆိပ်ခံတံတားမှ စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။

သတင်းစဉ်