Skip to main content

ဒုတိယဝန်ကြီး ဒေါ်နုမြဇံရေကြောင်းပိုးလမ်းမကြီး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးညီလာခံ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ

ရန်ကုန် နိုဝင်ဘာ ၁

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ ကျင်းပမည့် ရေကြောင်းပိုးလမ်းမကြီး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးညီလာခံသို့ တက်ရောက်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကောင်စစ်ဝန် Mr. Pan Feng ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ကျင်းပသွားမည်

အဆိုပါ ရေကြောင်းပိုးလမ်းမကြီး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးညီလာခံကို နိုဝင်ဘာ ၃ ရက်မှ ၄ ရက်အထိ တရုတ်နိုင်ငံ နန်နင်းမြို့ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်