၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသားအပေါင်းသည် ငြိမ်းချမ်းစွာနေထိုင်လိုကြသူများဖြစ်ကြသည်။
၂။ ယခုအခါ နိုင်ငံတော်၏ အေးချမ်းသာယာရေးကို မလိုလားကြသော လက်နက်ကိုင်သောင်းကျန်းသူ အဖျက်သမားများက ၂၇-၁၀-၂၀၂၃ သောကြာနေ့ နံနက်မှစ၍ မြို့ပြအိုးအိမ်များအားဖျက်ဆီးခြင်း၊ ပြည်သူပိုင်တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ပြည်သူပိုင်လမ်းများအားပျက်စီးစေပြီး သွားလာရေးခက်ခဲအောင်ပြုလုပ်ခြင်း၊ အပြစ်မဲ့ပြည်သူများအား ခေါ်ဆောင်သွားခြင်းများနှင့် နိုင်ငံဝန်ထမ်းများအား ရက်စက်စွာသတ်ဖြတ်ခြင်းနှင့် တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။
၃။ ထိုသို့ နိုင်ငံတော်နှင့်နိုင်ငံသားတို့ အကျိုးယုတ်စေသည့် အဖျက်လုပ်ရပ်များ လုပ်ဆောင်ခြင်းအပေါ် မိမိတို့ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးအနေဖြင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA
