Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဆေးဝါးစက်ရုံ(အင်းစိန်)၌ ဆေးဝါးအင်ဂျင်နီယာ ပညာရပ် အရာရှိအဆင့်သင်တန်းဖွင့်လှစ်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၂၇

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ(အင်းစိန်)၌ ဆေးဝါးအင်ဂျင်နီယာပညာရပ် အရာရှိအဆင့်သင်တန်း ဖွင့်လှစ် သင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးသည်။

မှာကြား

ကြည့်ရှု စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရှိနိုင်ငံပိုင်နှင့်ပုဂ္ဂလိက ဆေးဝါးစက်ရုံများမှနိုင်ငံ၏ ဆေးဝါးလိုအပ်ချက်များကို ၁၅ ရာခိုင်နှုန်းသာ ဖြည့်ဆည်းပေး နိုင်သဖြင့် ပိုမိုထုတ်လုပ်နိုင်ရေးအတွက် ဆေးဝါးအင်ဂျင်နီယာ ပညာရပ်သင်တန်းကို ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊ သင်တန်းတွင် စက်မှုဝန်ကြီးဌာန သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ အသိအမှတ်ပြု အင်ဂျင်နီယာပညာရှင်များက ၎င်းတို့၏ လုပ်ငန်းခွင် နယ်ပယ်အတွေ့အကြုံ၊ ပညာရပ်များကို သင်ကြားပို့ချပေးပြီးဖြစ်၍ ဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပိုမိုသိရှိပြီးဖြစ်မည်ဟု ယုံကြည်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်နေသည့် ပညာရှင်များအနေဖြင့်မိမိနားလည် တတ်ကျွမ်း သည့် နယ်ပယ်အတွင်း ၌သာကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်