နေပြည်တော် အောက်တိုဘာ ၂၇
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရန်ရည် ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့ စကားဝိုင်း (Friday Talk)၏ အမှတ်စဉ်(၃၅) ဆွေးနွေးပွဲအဖြစ် “အသိပညာမျှဝေခြင်း၏ အရေးပါပုံနှင့် အသိပညာမျှဝေသည့် အလေ့အထအပေါ် လွှမ်းမိုးသည့်အချက်များအား လေ့လာဆန်းစစ်ခြင်း” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ငွေကြေးအရင်းအနှီးနှင့် ရုပ်ဝတ္ထုမဟုတ်ဘဲ လူ့စွမ်းအားအရင်းအမြစ်(Human Resources -HR) သည် အဓိကလိုအပ်ချက်ဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်ရှိ နိုင်ငံအများစုသည် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးအကောင်အထည်ဖော်ခဲ့ပါကြောင်း။
တိုက်တွန်းမှာကြား
ထို့ကြောင့် လူသားတစ်ဦးချင်း စီ၏ အသိပညာကြွယ်ဝမှုသည် စစ်မှန်သော တိုးတက်မှုဖြစ်သဖြင့် အသိပညာမျှဝေမှု ပြုလုပ်ခြင်းဖြင့် ဆောင်ရန်/ရှောင်ရန် အချက်များကိုသိရှိပြီး အခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့လာသင်ယူမှု(Learning Process)ကို အခြေခံသည့် KSP အစီအစဉ်ကိုဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ တင်ပြဆွေးနွေးသူက ပြည့်ပြည့်စုံစုံ ရှင်းလင်းဆွေးနွေးပေးပါရန်နှင့် တက်ရောက်လာကြသူများကလည်းစိတ်ပါဝင်စားစွာဖြင့် မေးမြန်း ဆွေးနွေးပေးစေလိုပါကြောင်း တိုက်တွန်းမှာကြားသည်။
ဆွေးနွေးပွဲ အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိအိခိုင်က “အသိပညာမျှဝေခြင်း၏ အရေးပါပုံနှင့် အသိပညာမျှဝေသည့် အလေ့အထအပေါ် လွှမ်းမိုးသည့် အချက်များအား လေ့လာဆန်းစစ်ခြင်း” ခေါင်းစဉ် ဖြင့် အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြ သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးကလိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာ ထမ်း/အမှုထမ်းများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်