တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ သစ်သီးဆိုင်များတွင် ပင်မှည့်သီး(ခေါ်) လိုင်းမချူးသီး တစ်ပိဿာလျှင် ၃၀၀၀ ကျပ်ဖြင့် ရောင်းချပါသည်။ ပင်မှည့်သီးကို သကြားနှင့် တို့စားနိုင်သည့်အပြင် ဖျော်ရည်အဖြစ်လည်း သောက်သုံးနိုင်ပါသည်။ ပင်မှည့်သီးဖျော်ရည်ကို ပုံမှန်သောက်သုံးပေးခြင်းအားဖြင့် ကျန်းမာရေးကို များစွာအထောက်အကူပြုပါသည်။
ပင်မှည့်သီးတွင်ပါဝင်သည့် သကြားဓာတ်သည် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးခြင်းကြောင့် ဝမ်းပုံမှန်မသွားသူများ၊ ဝမ်းချုပ်တတ်သူများ သောက်သုံးသင့်သော ဖျော်ရည်တစ်ခွက်ဖြစ်ပါသည်။ ပင်မှည့်သီးဖျော်ရည်ကိုသောက်သုံးခြင်းကြောင့် ခန္ဓာကိုယ်အတွင်းရှိ မလိုအပ်သော အဆီပိုများကိုလျော့ကျစေပါသည်။ ပင်မှည့်သီးတွင်ပါဝင်သော ဗီတာမင်အေသည် ကိုယ်ခံအားကိုကောင်းစေပြီး ကင်ဆာနှင့်နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးပါသည်။
ပင်မှည့်သီးကို အနှစ်သပ်သပ်ထုပ်ပိုး၍ ဈေးကွက်အတွင်း ရောင်းချလျက်ရှိပါသည်။ ပင်မှည့်သီးအနှစ်ကို ၅၀၀ ဂရမ်၊ ၁၀၀ ဂရမ်ဟူ၍ နှစ်မျိုးထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ ပင်မှည့်သီးအနှစ် ၅၀၀ ဂရမ်တစ်ထုပ်လျှင် ၄၀၀၀ ကျပ်၊ ၁၀၀၀ ဂရမ်တစ်ထုပ်လျှင် ၇၈၀၀ ကျပ်ဖြင့် တောင်ငူမြို့၊ ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)