Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Nyingchi မြို့သို့ထွက်ခွာ

ရန်ကုန် အောက်တိုဘာ ၃

တရုတ်ပြည်သူ့သမ္မတနိုင်ငံ Nyingchi မြို့၌ အောက်တိုဘာ ၄ ရက်မှ ၆ ရက်အထိကျင်းပမည့် တတိယအကြိမ်မြောက် ဟိမဝန္တာတောင်တန်းများဒေသ နိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်ရန် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှတရုတ်နိုင်ငံသို့ ထွက်ခွာသွားသည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ယခုကျင်းပမည့်ဖိုရမ်ကို ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ လူသားများနှင့်သဘာဝတရားအကြား သဟဇာတဖြစ်သော ဖွံ့ဖြိုးမှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု စသည့်ကဏ္ဍသုံးခုကို ချိတ်ဆက်ပေးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ကိုယ်စားလှယ် ၃၀၀ ခန့် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်