Skip to main content

မွန်ပြည်နယ်အတွင်းရှိ မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းများ စစ်ဆေးရေးအတွက် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၃

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ခွင့်ပြုပြီးသော ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများမှ သတ်မှတ်ချက်များနှင့်အညီ စည်းရုံးရရှိထားသည့် ပါတီဝင်အင်အားများကို ပူးပေါင်းစစ်ဆေးရမည့် ဌာနဆိုင်ရာများ၊ အစစ်ဆေးခံရမည့် နိုင်ငံရေးပါတီများမှ တာဝန်ခံများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲအရာရှိများ၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မွန်ပြည်နယ်အတွင်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (People’s Pioneer Party) ၊ အမျိုးသမီးပါတီ(မွန်) နှင့် အမျိုးသားအကျိုး စီးပွားတိုးတက်ရေး ပါတီတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်က လိုအပ်သည်များ ရှင်းလင်းပြောကြားပြီး (အပေါ်ပုံ) မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးဟိဏ်းလင်းထက်က သက်ဆိုင်ရာဌာနများမှ ပူးပေါင်းစိစစ်ရမည့်အချက်များနှင့် နိုင်ငံရေးပါတီများမှ ကြိုတင် ဆောင်ရွက်ထားရမည့် အချက်များကို ချပြဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသူများက ပူးပေါင်းစိစစ်ရမည့် အချက်များနှင့်ပတ်သက်၍ မရှင်းလင်းသည့် အချက်များကို ဆွေးနွေးမေးမြန်းကြသည်။

သတင်းစဉ်