Skip to main content

တောင်သူလယ်သမားများ၏ အကျိုးကို ရှေးရှု၍ ထွန်ယက်ခနှုန်းထားများ တစ်ဧက ကျပ် ၇၅၀၀ မှ ယခု ကျပ် ၆၅၀၀ သို့ လျှော့ချဆောင်ရွက်ပေး

ပုသိမ် ဩဂုတ် ၂၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန ဧရာ၀တီတိုင်းဒေသကြီး စက်မှုလယ်ယာ ဦးစီးဌာနမှ COVID -19 ကြောင့် စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်ဖြင့် တောင်သူလယ်သမားများ၏အကျိုးကို ရှေးရှုကာ ထွန်ယက်ခနှုန်းထားများကို တစ်ဧက ထွန်ယက်ခ ငွေကျပ် ၇၅၀၀ မှ ယခုအခါ ငွေကျပ် ၆၅၀၀ သို့ လျှော့ချကာ ထွန်ယက်ရေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ထိုသို့ ထွန်ယက်ခနှုန်းထားများ လျှော့ချ၍ ဆောင်ရွက်ပေးခြင်းကို တိုင်းဒေသကြီးအတွင်း မြို့နယ် (၂၆) မြို့နယ်တွင် စက်မှု လယ်ယာစခန်းပေါင်း ၁၈ ခုမှ မိုးစပါးစိုက်ဧက စုစုပေါင်း ဧက ၈၀၃၃၀ ကို ထွန်ယက်ရေး၀န်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း စက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးမှ သိရသည်။

#MRTV