Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြင်ဦးလွင်တပ်နယ်ရှိ သင်တန်းသားအရာရှိများ၊ နည်းပြအရာရှိများနှင့် မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် အောက်တိုဘာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ သင်တန်းသားအရာရှိများ၊ နည်းပြအရာရှိများနှင့် မိသားစုများအား စစ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ ဇနီးဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ တပ်နယ်ရှိသင်တန်းသား၊ နည်းပြအရာရှိများနှင့် မိသားစုများတက်ရောက်ကြသည်။

ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်အား ရှေ့လုပ်ငန်းစဉ်()ရပ်နှင့် ဦးတည်ချက် () ရပ်ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများနှင့် အဆိုပါအခြေအနေတွင် တပ်မတော်သားများ ပါဝင်ဆောင်ရွက်နေမှုများကိုသိရှိစေလို၍ ယခုကဲ့သို့လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်အဆင့်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်၊ ခရိုင်/ မြို့နယ် အဆင့်အထိ အုပ်ချုပ်မှုဆိုင်ရာအဖွဲ့များ အဆင့်ဆင့်ဖွဲ့စည်း၍ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်း တာဝန်အရပ်ရပ်ကို နေ့ညမပြတ်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖြစ်ပေါ်လာခြင်းသည် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ၌ မဲမသမာမှုများနှင့် ယှဉ်တွဲအမြတ်ထုတ်လျက် နိုင်ငံတော်အာဏာသုံးရပ်ကိုအဓမ္မရယူရန် ကြိုးပမ်းမှုအတွက် အဆိုပါပြဿနာရပ်များအပေါ်တပ်မတော်က ဖြေရှင်းပေးရန် အကြိမ်ကြိမ်တောင်းဆိုမှုအပေါ်တာဝန်ရှိသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ မသိကျိုးကျွံပြုလျက် ပြဿနာရပ်အပေါ် ရှောင်လွှဲမှုများကြောင့် ဖြစ်ပေါ်လာရသည်ကို အားလုံးကသိရှိပြီးဖြစ်ကြောင်း။

ပြည်သူတို့၏ လူမှုစီးပွားဘဝမြင့်မားရေး

နိုင်ငံ့အာဏာအရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခေတ္တထိန်းသိမ်းရာတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်အထိ ရှေ့လုပ်ငန်းစဉ် () ရပ်၊ ဦးတည်ချက် ၁၂ ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း ၂၀၂၃ ခုနှစ်၊ ဩဂုတ် ရက်မှ စပြီး ပြောင်းလဲဖြစ်ပေါ်လာသော အခြေအနေများအရ ရှေ့လုပ်ငန်းစဉ်() ရပ်နှင့် ဦးတည်ချက်()ရပ်ကို ပြောင်းလဲချမှတ် အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ယခင်ရှေ့လုပ်ငန်းစဉ်()ရပ်တွင် ဖြစ်ပေါ်နေသော မဲမသမာမှုဆိုင်ရာများ ဖြေရှင်းရန်ကိစ္စ၊ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ကုသ၊ ထိန်းချုပ်ရန်ကိစ္စနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် ယိုင်နဲ့နေသောစီးပွားရေးကို ပြန်လည်တည့်မတ်ရန်ဆိုသည့် အချက်သုံးချက်မှာ ယနေ့အချိန်တွင် ဖြေရှင်းဆောင်ရွက်ပြီးဖြစ်၍ ယနေ့အချိန်နှင့်ကိုက်ညီသည့် တစ်နိုင်ငံလုံးအတိုင်းအတာအရ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရန်အတွက် လည်းကောင်း၊ ပြည်သူတို့၏ လူမှုစီးပွားဘဝ မြင့်မားရေးတို့အတွက်လည်းကောင်း၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းတို့ကို ဆောင်ရွက်ရန်အတွက်လည်းကောင်း စသည့်အချက် သုံးချက်ဖြင့် အစားထိုးပြင်ဆင်လျက် ငြိမ်းချမ်းရေးဆိုင်ရာနှင့်အထွေထွေရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကိုမူ နိုင်ငံတော်၏မူလရည်မှန်းချက်အတိုင်း ရှေ့လုပ်ငန်းစဉ်၌ ထည့်သွင်းလျက် အဆိုပါရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်၍ ဦးတည်ချက်()ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း။

ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် နိုင်ငံရေးရည်မှန်းချက်()ရပ်ဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ အမျိုးသားရည်မှန်းချက်()ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာဖူလုံရေးတို့ကို အကောင်အထည်ဖော်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။ ပါတီစုံဒီမို ကရေစီစနစ်သည် ပြည်သူ၏ဆန္ဒအရ ရွေးချယ်ထားသောစနစ်ဖြစ်ပြီး အစိုးရသက်တမ်း ဆက်တိုင် ကျင့်သုံးဆောင်ရွက်ခဲ့သောစနစ်ဖြစ်၍ ပြည်သူ့ဆန္ဒကိုမျက်ကွယ်ပြု၍ မရကြောင်း။

ထိုသို့ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံရေးအရ၊ စီးပွားရေးအရ မိမိတို့နိုင်ငံအပေါ် ပိတ်ဆို့မှုများရှိသော်လည်း စုပေါင်းညီညာ အောင်ကြောင်းဖြာ ဆိုသည့်အတိုင်းနိုင်ငံသူ၊ နိုင်ငံသားအားလုံး မိမိတို့အစိုးရနှင့်အတူ စည်းစည်းလုံးလုံးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်မှုကြောင့် လက်ရှိဖြစ်ပွားနေသော နိုင်ငံတကာပဋိပက္ခများတွင် ကမ္ဘာ့စီးပွားရေးထိခိုက်မှုများကို နိုင်ငံအားလုံး အနည်းနှင့်အများ ခံစားနေကြရသည့် အခြေအနေတွင် မိမိတို့နိုင်ငံအနေဖြင့် ထိခိုက်မှုများရှိခဲ့သော်လည်း အထိုက်အလျောက် စီးပွားရေးတိုးတက်မှု ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း။

ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ရေး ဖိတ်ခေါ်လျက်ရှိ

ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းမှုသည် မရှိမဖြစ်လိုအပ်ကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဖွဲ့စည်းကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် လက်မှတ် ရေးထိုးထားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား NCA နှင့်အညီ ဆက်လက်ညှိနှိုင်း ဆွေးနွေးသွားမည်ဖြစ်ပြီး ()နှစ်မြောက် NCA နှစ်ပတ်လည် အခမ်းအနားကိုလည်း ယခုလအောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထာဝရငြိမ်းချမ်းရေး အတွက်လည်း နိုင်ငံတော်နှင့်တပ်မတော်အနေဖြင့် အမြဲတမ်းပွင့်လင်းမြင်သာစွာ ဆွေးနွေးနိုင်ရေး ဖိတ်ခေါ်လျက်ရှိသကဲ့သို့ လက်မှတ်ရေးထိုးရန် ကျန်ရှိသောအဖွဲ့များနှင့် NCA လမ်းကြောင်းအပါအဝင် လွှတ်တော်လမ်းကြောင်းမှတစ်ဆင့် မိမိတို့၏ လိုအင်ဆန္ဒများကို တရားဝင်တောင်းဆိုခွင့် ရရှိရေးကိုလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ်အပြန်အလှန်ပွင့်လင်း မြင်သာစွာ ဆွေးနွေးလျက်ရှိကြောင်း။

နိုင်ငံတော်အစိုးရ၏ အန္တိမရည်မှန်းချက်ဖြစ်သော အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာဖြစ်ပေါ် လာရေးအတွက် အရေးကြီးသည့် အချက်တစ်ချက် ဖြစ်သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများနစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျန မှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး ပြင်ဆင်လျက်ရှိကြောင်း၊ မဲပေးနိုင်ခွင့်ရှိသူအားလုံး လွတ်လပ်စွာမဲပေးနိုင်ရန်နှင့် မှန်ကန်သော ရွေးကောက်ပွဲဖြစ်ရေးမှာ အရေးကြီးဆုံးဖြစ်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။

အောက်တိုဘာ ရက်မှစ၍ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ယူဆောင်ရွက်ပေးရမည့် အထွေထွေရွေးကောက်ပွဲတွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကဲ့သို့ နိုင်ငံတော်၏ ဒီမိုကရေစီသမိုင်းကြောင်း အမဲစက်မဖြစ်စေရေး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်များမှလည်းလိုအပ်သည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေစည်းမျဉ်းများ၊ ပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများကို ရေပတ်မဝင် မှားယွင်းမှုမရှိစေရေး ပြင်ဆင်လျက်ရှိသကဲ့သို့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း အသည်းကြားမှ မဲတစ်ပြားကို တစ်ကြိမ်လျှင် တစ်ယောက်သာ တိတိကျကျ မဲပေးနိုင်ရေး၊ နိုင်ငံသားမှတ်ပုံတင်စိစစ်ခြင်းအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် IT နည်းပညာသုံးလျက် နိုင်ငံသားစိစစ်ရေးကတ်များ မှားယွင်းမှု၊ ထပ်နေမှု၊ ကွဲလွဲမှုစသည့် ချို့ယွင်းချက်များမရှိစေရေး ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတော်အစိုးရ အဆက်ဆက်စီမံကိန်းများ အကောင်အထည်ဖော်ရန်လိုအပ်လျက်ရှိသည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကိုလည်း ၂၀၂၄ ခုနှစ်အကြိုကာလအဖြစ် ယခု ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ရက်မှစ၍ စမ်းသပ်သန်းခေါင် စာရင်းကောက်ယူရေး လုပ်ငန်းကိုလည်း စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ်()ရပ် ဆောင်ရွက်နေမှုအား လိုရင်းတိုရှင်း ဆွေးနွေးပြောကြားသည်။

၎င်းနောက် တပ်မတော်၏ ပါဝင်ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ပြောကြားရာတွင် တပ်မတော်သားတိုင်း၏တာဝန်မှာ နိုင်ငံတော်ကာကွယ်ရေး တာဝန်ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် ဒို့တာဝန်အရေးသုံးပါးကိုအခြေခံ၍ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် () ရပ်နှင့် ဦးတည်ချက် () ရပ်၊ နိုင်ငံ၏ရည်မှန်းချက် ရပ်နှင့် အမျိုးသားရေး ရည်မှန်းချက် ရပ် အကောင်အထည်ဖော်ရာတွင် တပ်မတော်သားများအနေဖြင့် ကျရာအခန်းကဏ္ဍမှ ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင် ရမည်ဖြစ်ကြောင်း၊ ထိုသို့တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန်မှာ တိုက်စွမ်းအား၊ တိုက်စွမ်းရည် တိုးတက်မြင့်မားရန် အရေးကြီးကြောင်း။

ပြင်ဦးလွင်တပ်နယ်သည် တပ်မတော်၏ လူ့စွမ်းအားအရင်းအမြစ်ကို စနစ်တကျမွေးထုတ် ပေးနေသည့် တပ်နယ်ကြီးတစ်ခုဖြစ်ပြီးအဆင့်မြင့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်၏ မြေပြင်၊ ရေပြင်နှင့်ဝေဟင်ပိုင်နက်များကို အပြည့်အဝကာကွယ်နိုင်ရန် အထောက်အကူပြုလျက်ရှိသည့် လက်ရုံးတပ်ဖွဲ့များအတွက်လည်း လိုအပ်သည့်သင်တန်းများကို လေ့ကျင့်မွေးထုတ်ပေးရာ တပ်နယ်တစ်ခုလည်းဖြစ်ကြောင်း၊ တပ်နယ်ရှိ သင်တန်းကျောင်းအသီးသီးမှ နည်းပြများအနေဖြင့် မိမိတို့ကိုယ်တိုင် ပညာပြည့်ဝနေအောင် မပြတ်လေ့လာဆည်းပူးနေရန် လိုအပ်သကဲ့သို့ သင်ကြားသင်ယူနေသည့် သင်တန်းသားများ အမှန်တကယ် တတ်မြောက်ကျွမ်းကျင်ရန် စေတနာထား၍ မိမိတို့ထက်တော်သည့်တတ်သည့် တပည့်များဖြစ်အောင် သင်ကြားလေ့ကျင့်ပေးရန်လည်း လိုကြောင်း။

တပ်မတော်ကို စွမ်းရည်ထက်မြက်သော တပ်မတော်အဖြစ်တည်ဆောက်

ကွပ်ကဲကြပ်မတ်ရသည့် တာဝန်ရှိသူများအနေဖြင့်လည်း ကွပ်ကဲမှုအောက်အရာရှိ၊ စစ်သည်များကို မိမိ၏မိသားစုများသဖွယ်ခံယူပြီး သက်သာချောင်ချိမှုကို အလေးထား ဖြည့်ဆည်းပေးနေရန်လိုကြောင်း၊ အရာရှိ၊ စစ်သည်များအနေဖြင့် လုပ်ငန်းတာဝန်များကို ရိုးသားဖြောင့်မတ်စွာဖြင့် မှန်မှန်ကန်ကန်ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် မိမိဝင်ငွေနှင့်ထွက်ငွေကို မျှတစွာသုံးစွဲတတ်ရန်လိုအပ်ပြီး တာဝန်ရှိသူများမှလည်း သက်သာချောင်ချိမှုများ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဝင်ငွေနှင့်ထွက်ငွေ မျှတစေရေး၊ ခြိုးခြံချွေတာရန်လိုအပ်သကဲ့သို့ ကုန်ကျနိုင်မည့်အရက်၊ ဆေးလိပ်၊ ကွမ်းအပါအဝင် လူမှုရေးဆိုင်ရာကိစ္စ၊ လောင်းကစားမှုဆိုင်ရာကိစ္စစသည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကိုလည်း အရာရှိ၊ စစ်သည်၊ မိသားစုများ လိုက်နာရန်လိုအပ်ကြောင်း၊ ၎င်းအပြင်အပိုဝင်ငွေရရှိရေးနှင့် စားရေးအထောက်အကူပြု နိုင်သည့် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုမူဝါဒ၊ ညွှန်ကြားချက်များနှင့်အညီ မိမိအသိစိတ်ဓာတ်ဖြင့် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ သို့မှသာ မကြောင့်မကြသောစိတ်ဖြင့် ပေးအပ်သော တာဝန်များကို ကျေပွန်စွာထမ်းဆောင် နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်ကို စွမ်းရည် ထက်မြက်သော တပ်မတော်အဖြစ် တည်ဆောက်ရာတွင် အရေးကြီးသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရာ တပ်နယ်ဖြစ်၍ မိမိတို့၏ တာဝန်ထမ်းဆောင်မှုအပေါ် ဂုဏ်ယူစွာဖြင့် ကျေပွန်စွာထမ်းဆောင်ကြရန်လိုကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) သည် တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများကိုပေးအပ်ရာ တပ်နယ်မှူးက လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီးက ထောက်ပံ့ငွေများကိုပေးအပ်ရာ တပ်နယ်မှူး၏ ဇနီးကလည်းကောင်း လက်ခံရယူခဲ့ကြောင်း သတင်း ရရှိသည်။

သတင်းစဉ်