Skip to main content

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သင်တန်းအမှတ်စဉ် (၁၄) နှင့် အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ် (၁၆) သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော် အောက်တိုဘာ

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် ဝန်ထမ်းအဖွဲ့ အစည်းအကြီးအမှူး သင်တန်းအမှတ်စဉ်(၁၄)နှင့်အဆင့်မြင့် အရာထမ်းသင်တန်း အမှတ်စဉ်(၁၆)တို့၏ သင်တန်းဖွင့်ပွဲအခမ်း အနားကို ယမန်နေ့ နံနက် နာရီက အဆိုပါတက္ကသိုလ်နီလာခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြား/စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက သင်တန်းတွင် နိုင်ငံတော်၏ ဦးတည်ချက်၊ ရည်မှန်းချက်ရှေ့လုပ်ငန်းစဉ်နှင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအပေါ် ပိုမိုသိမြင်ပြီး အဆင့်မြင့်တာဝန်များထမ်းဆောင်ရာတွင် အရေးအကြီးဆုံးဖြစ်သည့် ဘက်ပေါင်းစုံ တွေးခေါ်မြော်မြင်မှု၊ ညှိနှိုင်းပေါင်းစပ်တတ်မှု၊ ပြည်တွင်း၊ ပြည်ပဗဟုသုတနှင့် သတင်းအချက်အလက်နည်းပညာအသုံးချပြီး ပိုမိုကောင်းမွန်သည့် ပညာရပ်အတွေ့အကြုံ သင်ခန်းစာနှင့်နမူနာများကို လေ့လာသုံးသပ်တတ်သည့် အလေ့အထများ ရရှိအောင် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးမှ အဆင့်မြင့်အရာရှိကြီးများ၊ ပြင်ပကျွမ်းကျင်ပညာရှင်များ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်မှ ဆရာ၊ဆရာမများ ပို့ချဆွေးနွေးမှု များအပေါ် သင်ကြားမှုပိုမိုထိရောက်စေရေး၊ အတွေ့အကြုံများ အချင်းချင်းဖလှယ်ခွင့်ရရှိရေးတို့အတွက် မိမိတို့တာဝန်ထမ်းဆောင်ရာတွင် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကို အပြန်အလှန် ဆွေးနွေးကြရန် တိုက်တွန်းမှာကြားသည်။

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သင်တန်းအမှတ်စဉ်(၁၄)သို့ ဝန်ကြီးဌာန/အဖွဲ့အစည်း ၁၆ ခုမှ သင်တန်းသား ၁၆ ဦး၊ သင်တန်းသူခုနစ်ဦး စုစုပေါင်း ၂၃ ဦးနှင့် အဆင့်မြင့်အရာထမ်း သင်တန်းအမှတ်စဉ်(၁၆)သို့ ဝန်ကြီးဌာန/အဖွဲ့အစည်း ၂၈ ခုတို့မှ သင်တန်းသား ၂၈ ဦး၊ သင်တန်းသူ ၁၄ ဦး စုစုပေါင်း ၄၂ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ အောက်တိုဘာ ရက်မှ နိုဝင်ဘာ ၂၄ ရက်အထိ ရက်သတ္တရှစ်ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်