Skip to main content

ဒုတိယဝန်ကြီး ဦးမျိုးလှိုင်(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများသို့ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော် အောက်တိုဘာ

တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများကို သတ်မှတ်နေရာများ၌ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် အုပ်ချုပ်မှုအဖွဲ့ တာဝန်ရှိသူများသည် ယနေ့နံနက် ဒေသစံတော်ချိန် နာရီတွင် ကျင်းဟွာမြို့ Jinhau Sports Center ကျင်းပသည့် ပိုက်ကျော်ခြင်း အားကစားနည်းပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးသည်။

ပြိုင်ပွဲများအပြီးတွင် ဒုတိယဝန်ကြီးသည် အာရှပိုက်ကျော်ခြင်းဥက္ကဋ္ဌ Mr.Dato Abdul Halim Kader နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံပိုက်ကျော်ခြင်း အားကစားနည်း ပိုမိုတိုးတက်စေရေး ညှိနှိုင်းဆွေးနွေးကြသည်။

ပိုက်ကျော်ခြင်း အားကစားနည်းပြိုင်ပွဲများအဖြစ် နံနက်ပိုင်းတွင်ကျင်းပသည့် အမျိုးသားလေးယောက်တွဲပြိုင်ပွဲ၌ အင်ဒိုနီးရှားအသင်းနှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားရာ အင်ဒိုနီးရှားအသင်းက မြန်မာအသင်းကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိသွားသည်။

မွန်းလွဲပိုင်းတွင် ကျင်းပသည့် အမျိုးသားလေးယောက်တွဲပြိုင်ပွဲ၌ မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက()ပွဲ()ပွဲဖြင့် အနိုင်ရရှိပြီး အုပ်စုဒုတိယဖြင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားပြီး အမျိုးသမီးလေးယောက် တွဲပြိုင်ပွဲ ပွဲစဉ်အဖြစ် အင်ဒိုနီးရှား အသင်းနှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းသည်()ပွဲပြတ်ဖြင့် ရှုံးနိမ့်ပြီး အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရသည်။

ဒေသစံတော်ချိန် မွန်းလွဲ နာရီခွဲတွင် Fuyang Yinhu Sports Center ကျင်းပသည့် မြားပစ် အားကစားနည်းအမျိုးသား Recurve ပြိုင်ပွဲတွင် နီပေါအသင်းနှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းသည် ()မှတ် ()မှတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီးအမျိုးသမီး Recurve ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် UAE အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ မြန်မာအသင်းက()မှတ် ()မှတ်ဖြင့် အနိုင်ရရှိခဲ့သည်။

ထို့အတူအမျိုးသမီး Recurve ပြိုင်ပွဲတွင် တရုတ်(တိုင်ပေ)အသင်းနှင့် မြန်မာအသင်းတို့ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းသည်()မှတ်၊ ()မှတ်ဖြင့် ရှုံးနိမ့်၍ အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရကြောင်း သိရသည်။

သတင်းစဉ်