Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ

နေပြည်တော် အောက်တိုဘာ

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍလူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် အမှတ်()အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းနှင့်ကော်မရှင်ရုံး၊ ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြ သည်။

စကားဝိုင်းတွင် ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက ကော်မရှင်အနေဖြင့် လူငယ်များအား ဖြောင့်မတ်တည်ကြည်မှု စံနှုန်းများကိုသိရှိပြီး လိုက်နာမှုရှိစေရန် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးရည်ညွှန်းစာစောင်များကို ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ပြုစုခဲ့ပြီး သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းရေးဆွဲ၍ ကျောင်းသင်ခန်းစာများတွင် ထည့်သွင်းသင်ကြားပေးလျက်ရှိကြောင်း၊လူငယ်များသည် နိုင်ငံ၏အနာဂတ်ခွန်အားများ ဖြစ်သည့်အတွက် ငယ်စဉ်ကပင် စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်၊ ဥပဒေများကို လိုက်နာသည့် အလေ့အကျင့်များကို စာသင်ခန်းများမှ ပြုစုပျိုးထောင်ပေးရမည်ဖြစ်ကြောင်း၊ ကျင့်ဝတ်နှင့်ညီသည့် ခေါင်းဆောင်ကောင်းများဖြစ်လာစေရန် ငယ်စဉ်ကပင် ဖြောင့်မတ်တည်ကြည်မှုအရည်အချင်းများကိုအခြေပြုရန်လိုအပ်ကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် လူငယ်စကားဝိုင်းမှ အတွေးအခေါ်အယူအဆများကို မိမိတို့ ပတ်ဝန်းကျင်တွင် ထပ်ဆင့်မျှဝေပေးကြရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပပြီး ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ Speaker များအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား ကျောင်းသူများက ပြန်လည်ဖြေကြားကြသည်။

ထို့နောက်ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက ကျောင်းအုပ်ဆရာမကြီးထံသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အမှတ်တံဆိပ်ပါ လက်ဆောင်ပစ္စည်းများပေးအပ်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် ကျောင်းသား ကျောင်းသူများက အကအလှများ၊ သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ထို့အတူ အခြေခံပညာအဆင့် (မူလတန်းနှင့် အလယ်တန်း)အဆင့်များမှစတင်၍ အသိပညာပေးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အလုံမြို့နယ် အမှတ်()အခြေခံပညာ အထက်တန်းကျောင်းမှ မူလတန်းနှင့်အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများကိုကော်မရှင်ရုံးခွဲ(ရန်ကုန်)မှ ဝန်ထမ်းများက ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် (ဆရာကိုင်)စာအုပ်များမှ သင်ခန်းစာနှင့် ပညာပေးအစီအစဉ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်