Skip to main content

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းနှင့် ရုရှားတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဦးဆောင်သောအဖွဲ့ တွေ့ဆုံ

ရန်ကုန် စက်တင်ဘာ ၂၅

၁၉၀၆ ခုနှစ်မှ စတင်တည်ထောင်ခဲ့သော ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA သည် အသင်းကြီး၏အဓိက လုပ်ငန်းစဉ်များဖြစ်သော အမျိုးဘာသာ သာသနာပညာလုပ်ငန်းများကို အင်တိုက် အားတိုက်ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် အသင်းဝင်အင်အားဆယ်သိန်း ကျော်ရှိခဲ့ပြီဖြစ်သည်။

ယနေ့ မွန်းလွဲ ၂ နာရီတွင် YMBA အသင်းအစည်းအဝေးခန်းမ၌ ဗုဒ္ဓ ဘာသာကလျာဏယုဝအသင်းYMBA ၏ ဗဟိုဥက္ကဋ္ဌ ဦးရဲထွန်း အပါအဝင် အမှုဆောင်အဖွဲ့ဝင်များနှင့် ရုရှားတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်၊ ရုရှား-မြန်မာသံရုံးမှ သံမှူး ဦးဆောင်သောအဖွဲ့တွေ့ဆုံပြီး ပညာရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြပြီး အပြန်အလှန် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဦးသက်(ရွှေမိုးသောက်)YMBA