Skip to main content

ပြည့်တန်ဆာလုပ်ငန်းသို့ ပို့ဆောင်ကာ ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

နေပြည်တော် စက်တင်ဘာ ၁၃

ပြည့်တန်ဆာလုပ်ငန်းသို့ ပို့ဆောင်ကာ ငွေကြေးအကျိုးအမြတ်ခေါင်းပုံဖြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်တစ်သက်စီနှင့် နှစ် ၂၀ စီ ကျခံရန် အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်နေ ကမာဘိုင်(ခ)ကျော်လေး(ခ)ကျော်ကျော်နှင့် ထားထားမြင့်(ခ)မထက်၊ ချမ်းမြသာစည်မြို့နယ်နေ စောမြတ်သူ(ခ)မြတ်သူနှင့် အေးချမ်းမိုး (ခ) စုစုတို့က ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်နေ မ --- ၊ ၁၅ နှစ်နှင့် မ --- ၊ ၁၈ နှစ်တို့ကို အဓမ္မပြည့်တန်ဆာအဖြစ်ခိုင်းစေရန် ပို့ဆောင်၍ ငွေကြေးအကျိုးအမြတ်များကို ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် အောင်ပင်လယ်နယ်မြေရဲစခန်း (ပ) ၂၀/ ၂၀၂၃၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မဟာအောင်မြေ ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ စက်တင်ဘာ ၈ ရက်တွင် တရားခံ ကမာဘိုင်(ခ)ကျော်လေး(ခ)ကျော်ကျော်နှင့် ထားထားမြင့်(ခ)မထက်တို့နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၀အရ ထောင်ဒဏ်တစ်သက်စီနှင့် စောမြတ်သူ(ခ)မြတ်သူနှင့် အေးချမ်းမိုး(ခ)စုစုတို့ နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က) အရ ထောင်ဒဏ် နှစ် ၂၀ စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်