Skip to main content

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ထိုင်းနိုင်ငံ၌ စတင်လေ့ကျင့်

ရန်ကုန် စက်တင်ဘာ ၁၁

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ထိုင်းနိုင်ငံ၌ စတင်လေ့ကျင့်နေပြီဖြစ်သည်။

ခြေစမ်းပွဲနှစ်ပွဲ ကစားမည်

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ပြိုင်ပွဲအကြိုထိုင်းနိုင်ငံ၌လေ့ကျင့်ရန် စက်တင်ဘာ ၁၀ ရက်တွင် ရန်ကုန်မြို့မှထွက်ခွာခဲ့ပြီး စက်တင်ဘာ ၁၁ ရက်မှစတင်ကာ လေ့ကျင့်နေခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည်ထိုင်းနိုင်ငံ၌ ခြေစမ်းပွဲနှစ်ပွဲကစားမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် အာရှအားကစားပြိုင်ပွဲကျင်းပမည့် တရုတ်နိုင်ငံဟန်ကျိုးမြို့သို့ တိုက်ရိုက်သွားရောက်မည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ခြေစမ်းပွဲများအဖြစ် စက်တင်ဘာ ၁၃ ရက်တွင် ဝစ်ဆူထီဝါရာရမ် ယူ-၁၅ အမျိုးသားအသင်း၊ စက်တင်ဘာ ၁၅ ရက်တွင် ထိုင်းလက်ရွေးစင်အမျိုးသမီးအသင်းနှင့်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ- ဦးတင်မြင့်အောင်၊ နည်းပြချုပ်- ယုကီတက်ဆုရို (ဂျပန်)၊ လက်ထောက်နည်းပြ-ဦးစထက်နိုင်ဝင်း၊ ဒေါ်စန်းစန်းသိန်း၊ ဂိုးနည်းပြ- ဦးစိန်အေး၊ ဂိုးသမား- မေဇင်နွယ်၊ မျိုးမြမြငြိမ်း၊ မေဦးခင်၊ ထက်အိန္ဒြာလင်း၊ နောက်တန်း – ဇွန်ယုယဦး၊ မိုးမမစိုး၊ ဖြူဖွေး၊ခိုင်သဇင်၊ ယုယုနိုင်၊ အိအိကျော်၊ မေသက် မွန်မြင့်၊ငယ်ငယ်ထွေး၊ ဖြူဖြူဝင်း၊ အလယ်တန်း- ခင်မိုမိုထွန်း၊ ဝင်းဝင်း၊ ပုံ့ပုံ့ပြည့်မောင်၊ နော်ထက်ထက်ဝေ၊ ဝေဖူးအိမ်၊ မြတ်နိုးခင်၊ စန်းသော်သော်၊ ရှေ့တန်း-ဂျူလိုင်ကျော်၊ ယဉ်လွန်းအိမ်၊ ဇင်မိုးပြည့်၊ ယွန်းဝတီလှိုင်နှင့်ဝင်းသိင်္ဂီထွန်းတို့ ပါဝင်ကြသည်။

 

သတင်း - ကိုညီလေး၊ ဓာတ်ပုံ - MFF