Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ

နေပြည်တော် စက်တင်ဘာ ၁၀

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတကာရေးရာဌာန၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေ ၄ နာရီတွင် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာကြရာ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လိုက်လံပို့ဆောင်နှုတ်ဆက်ကြသည်။        

အဆိုပါခရီးစဉ်ကို တရုတ်ကွန်မြူနစ်ပါတီက တရုတ်နိုင်ငံပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်မူဝါဒ၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၊ ပါတီတည်ထောင်မှုဆိုင်ရာ အတွေ့အကြုံများကို   အမြင်ချင်းဖလှယ် ဆွေးနွေးသွားရန် ရည်ရွယ်၍ ဖိတ်ကြားထားခြင်းဖြစ်ပြီး တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်ကွန်မြူနစ်ပါတီက ဆောင်ရွက်လျက်ရှိသော  နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဆောင်ရွက်ပုံနည်းလမ်းများ၊ ပါတီတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်မည်ဖြစ်၍ လေ့လာရေးခရီးစဉ်သည်  စက်တင်ဘာ ၁၀ ရက်မှ  ၁၆ အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်