နေပြည်တော် စက်တင်ဘာ ၃
မြန်မာနိုင်ငံ၌ မေ ၁၄ ရက်တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့်ဘေးသင့် ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင် ပြည်သူများအနေဖြင့် လှူဒါန်းမှုများပြုလုပ်ရာတွင် ပိုမိုအဆင်ပြေစေရေးအတွက် ပြည်သူများအသုံးပြုမှုများပြားသည့် မိုဘိုင်းတယ်လီဖုန်းများ မှတစ်ဆင့် SMS (စာတို)ဖြင့် လှူဒါန်းငွေများပေးပို့နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။
ထိုသို့လှူဒါန်းရာတွင် မိုဘိုင်းသုံးစွဲသူစေတနာရှင် ပြည်သူများအနေဖြင့် မိမိတို့၏ အသုံးပြုနေသည့် မိုဘိုင်းဖုန်းများမှတစ်ဆင့် 9090 သို့ 500 ဟု SMS ပေးပို့၍ တစ်ကြိမ်လျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် လှူဒါန်းနိုင်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးကြေညာထားသည်။
သတင်းစဉ်