Skip to main content

မြန်မာနိုင်ငံမှာ စကျင်ကျောက်နဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာ့အကြီးဆုံး ရုပ်ပွားတော်ကြီးအဖြစ် ကိုးကွယ်ခွင့်ရတဲ့အတွက် တကယ်ကို ဂုဏ်ယူစရာကောင်းပါတယ်။

မြန်မာနိုင်ငံမှာ စကျင်ကျောက်နဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာ့အကြီးဆုံး ရုပ်ပွားတော်ကြီးအဖြစ် ကိုးကွယ်ခွင့်ရတဲ့အတွက် တကယ်ကို ဂုဏ်ယူစရာကောင်းပါတယ်။

ဦးကျော်ဇေယျ

ကြည်ညိုသပ္ပာယ်ဖွယ်ကောင်းလှသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဖူးမြော်ကြည်ညို ခွင့်ပြုခဲ့သည့် ဩဂုတ် ၈ ရက်မှ ယနေ့အထိ ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်အတွင်း ဘုရားဖူးလာ ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိပြီး ဗုဒ္ဓဥယျာဉ်တော် အတွင်းရှိ ဘုရား၊ ကျောင်း၊ ကန်၊ သာသနိက အဆောက်အဦများကိုလည်း စိတ်ဝင်တစားလေ့လာ လျက်ရှိကြရာဘုရားဖူးလာ ပြည်သူများနှင့် တွေ့ဆုံ၍ ဘုရားကြီး ဖူးမြော်ရခြင်းအတွက် ရင်တွင်းခံစားချက်၊ စိတ်ချမ်းမြေ့ဖွယ်ရာ ဘုရားဖူးအတွေ့အကြုံများနှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းဖော်ပြ လိုက်ရပါသည်။

ဦးမင်းမင်းထွန်း(ဒုတိယညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့)

ကျွန်တော်တို့က ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ စီမံပေးမှုနဲ့ လာရောက်ဖူးမြော် ကြည်ညိုကြတာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ တိုင်းအဆင့်ဌာနဆိုင်ရာ စုစု ပေါင်း ၄၅ ခုက အရာထမ်း၊ အမှုထမ်း ၉၄၅ ဦး၊ Express ၂၁ စီးနဲ့ လာရောက်ဖူးမြော်ကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့အတူ တစ်နေ့တည်းမှာပဲ အစိုးရအဖွဲ့ အစီအစဉ်နဲ့ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီကလည်း အရာထမ်း၊ အမှုထမ်း ၁၀၀၀ ခန့်၊ Express ၂၈ စီးနဲ့ လာရောက် ဖူးမြော်ကြပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ မနက်ဖြန် တနင်္ဂနွေနေ့မှာလည်း နောက်ထပ် လာရောက်ဖူးမြော်ဖို့ ရှိပါသေးတယ်။

ကမ္ဘာပေါ်က ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များထဲမှာ ဉာဏ်တော်အမြင့်ဆုံးဘုရားတစ်ဆူဖြစ်တဲ့အတွက် မြန်မာလူမျိုးတစ်ယောက်အနေနဲ့ဂုဏ်ယူပြီး ဝမ်းသာပီတိဖြစ်ရပါတယ်။ ကမ္ဘာမှာ ထင်ထင်ရှားရှား ဘုရားတစ်ဆူအဖြစ် တည်ရှိလာမှာ ဖြစ်တဲ့အတွက် ပိုပြီးကြည်နူးမိပါတယ်။ နောင်တစ်ချိန်မှာ မာရဝိဇယဘုရားကြီးက ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားတဲ့ ပြယုဒ်တစ်ခုအဖြစ် တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဗိသုကာလက်ရာဆိုရင်လည်း မြန်မာမှုတွေနဲ့ လက်ရာပြောင် မြောက်အောင် ထွင်းထုထားတာ တွေ့မြင်ရတဲ့အတွက် တကယ်ကို အံ့မခန်းဖြစ် မိပါတယ်။

သာသနိက အဆောက်အဦး တွေဆိုရင်လည်း ဗိသုကာလက်ရာ ပြောင်မြောက်လို့ မြန်မာမှာ ဒီလို အင်ဂျင်နီယာတွေ၊ ဗိသုကာပညာ ရှင်တွေရှိတာ တွေ့ရလို့ ဝမ်းသာပါတယ်။ ကျောက်စာရုံစေတီ အဆူ ၇၂၀ ဆိုရင်လည်း ဘာသာနှစ်မျိုးနဲ့ ရေးထိုးထားတာဖြစ်တဲ့အတွက် ဘုရားကြီးလာရောက် ဖူးမြော်သူတွေ အတွက်ရော သာသနာအတွက်ပါ တန်ဖိုးမဖြတ်နိုင်အောင် ကောင်းမွန်တယ်လို့ ပြောချင်ပါတယ်။ ဒါကြောင့် အနယ်နယ်အရပ်ရပ်က ပြည်သူတွေ ဘုရားကြီးကို မရောက် ရောက်အောင် လာဖူးကြပါလို့လည်း ပြောချင်ပါတယ်။

ဒေါ်မာမာဦး (ပညာရေးဝန်ထမ်း၊ ရန်ကုန်တိုင်းဒေသကြီး)

ကျွန်မ မာရဝိဇယဘုရားကြီး ကို သတင်းစာ၊ ရုပ်မြင်သံကြားနဲ့ ဆိုရှယ်မီဒီယာတွေမှာပဲ ဖူးမြော်ခဲ့ရတာ ဖြစ်ပါတယ်။ အခုလို အပြင်မှာ ဖူးမြော်ခွင့်ရလိုက်တော့ အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ်။ ကျွန်မတို့ ဝန်ထမ်းတစ်ဖွဲ့လုံး တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စီမံမှုနဲ့ လာရောက် ဖူးမြော်ကြတာ ဖြစ်ပါတယ်။ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်ကြီးက ကမ္ဘာမှာ ဉာဏ်တော် အမြင့်ဆုံးဆိုတော့ ပိုပြီးဝမ်းသာဂုဏ်ယူ ဖြစ်ရပါတယ်။ ၂၄ ပစ္စည်းကို ဗိသုကာ လက်ရာနဲ့ ပြောင်မြောက်အောင် ထွင်းထုထားလို့ အံ့ဩမဆုံးပါပဲ။ သာသနာ့ဗိမာန်နဲ့ ကျောက်စာရုံ စေတီတော်တွေကလည်း ဘုရားကြီးနဲ့ အင်မတန် ပနံတင့်လှပါတယ်။ အဲဒါကြောင့် မာရဝိဇယ ဘုရားကိုလာပြီး ဖူးမြော်ကြပါလို့ ပြောချင်ပါတယ်။

ဦးကျော်ဇေယျ (အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်း၊ ရန်ကုန်တိုင်းဒေသကြီး)

ဘုရားကြီးကို ရုပ်မြင်သံကြားမှာ ဖူးမြော်ရကတည်းကသားဖြစ်သူကလည်း ဖူးချင်တယ်လို့ ပူဆာနေခဲ့တာပါ။ ဒီနေ့တော့ ကျွန်တော်တို့ ဝန်ထမ်းတွေ ဖူးခွင့်ရအောင် အစိုးရအဖွဲ့ရဲ့ အစီအမံနဲ့ လာရောက်ဖူးမြော်ခွင့်ရရှိပြီဖြစ်ပါ တယ်။ အခုလို အပြင်မှာ ဖူးခွင့် ရတော့ စိတ်ထဲမှာ ကြည်နူးပီတိတွေလည်း ဖြစ်မိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ စကျင်ကျောက်နဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာ့အကြီးဆုံးရုပ်ပွားတော်ကြီးအဖြစ် ကိုးကွယ်နိုင်ခွင့်ရတဲ့အတွက် တကယ်ကို ဂုဏ်ယူစရာကောင်းပါတယ်။

ကျွန်တော် ကိုယ်တိုင်လည်း မြန်မာနိုင်ငံသား တစ်ယောက် ဖြစ်ရတာ ဝမ်းသာပီတိဖြစ်မိပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေကိုလည်း လာရောက်ဖူးမြော်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဂုဏ်ယူစရာကောင်းတဲ့ မာရဝိဇယစေတီတော်ကြီးကို လာရောက်ဖူးမြော်ပြီး ကုသိုလ်ဒါနတွေပြုကြပါလို့ နှိုးဆော်ချင်ပါတယ်။

ဒေါ်နွယ်ဝေလွင် (ဝန်ထမ်းမိသားစု၊ ရန်ကုန်တိုင်းဒေသကြီး)

မာရဝိဇယ ဘုရားကြီးကို ရုပ်မြင်သံကြားနဲ့ ဆိုရှယ်မီဒီယာ ပေါ်မှာပဲ ဖူးမြော်ခဲ့ရတာ ဖြစ်ပါ တယ်။ ဒီနေ့တော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဝန်ထမ်းမိသားစုတွေကို ဘုရားဖူးပို့တယ် ဆိုတော့ ဖူးမြော်ချင်နေတဲ့ ဆန္ဒတွေ ပြည့်ဝသွားပြီဖြစ်ပါတယ်။ ဘုရားကြီးကိုအပြင်မှာ မျက်ဝါး ထင်ထင် ဖူးမြော်ခွင့်ရလိုက်တော့ အတိုင်းမသိဝမ်းသာမိပါတယ်။ မြန်မာနိုင်ငံမှာကျောက်ဆစ် ဗုဒ္ဓရုပ်ပွား တော်တွေထဲမှာ အကြီးဆုံးအဖြစ် တည်ထားကိုးကွယ် ခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာဖြစ်မိပါတယ်။ ဒါကြောင့် အနယ်နယ်အရပ်ရပ်က ပြည်သူတွေလည်း လာရောက်ဖူးမြော် ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။

မောင်လှိုင်မင်းဖြိုး

(ကျန်းမာရေးဝန်ထမ်း၊ ရန်ကုန်တိုင်းဒေသကြီး)

ဘုရားကြီးကို အပြင်မှာ မျက်ဝါးထင်ထင် ဖူးမြော်လိုက်ရတော့ ရင်ထဲမှာ အလွန်ပျော်ရွှင် သွားပါတယ်။ ကျောက်ဆစ်မှာ ဉာဏ်တော်အမြင့်ဆုံး၊ ဗိသုကာ လက်ရာတွေကလည်း ပြောင် မြောက်၊ သာသနိက အဆောက်အဦက ခမ်းနားကြီးကျယ်တယ် ဆိုတော့ အလွန်ဝမ်းသာ ဂုဏ်ယူ ဖြစ်မိပါတယ်။ ဒီကို မလာဖြစ်သေးတဲ့ သူငယ်ချင်းတွေနဲ့အတူ နောက်တစ်ခေါက် ထပ်လာဦးမှာ ပါ။ မဖူးမြော်ရသေးတဲ့ သူတွေလည်း လာရောက်ဖူးမြော်ကြပါ လို့ ပြောချင်ပါတယ်။

တွေ့ဆုံမေးမြန်း-အေအေတီ

ဓာတ်ပုံ - ကိုအေးသန်း